တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန် ထောင်ဒဏ် ၁၀နှစ် ပြစ်ဒဏ်ချမှတ်ခံရ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 467

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်အား ပါကစ္စတန် တရားရုံးက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရှိရသည်။

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် နှစ်ပတ်သာလိုတော့သည့်အချိန်တွင် ယခုကဲသို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန် သည် ပြီးခဲ့သည့် ဩဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်း​၏ အမှုကို အေဒီယာလာအကျဉ်းထောင်တွင် စစ်ဆေးပြီး စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

အင်မရန်ခန်အား နောက်ထပ်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုနိုင်အောင် အမှုများစွာဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

အလားတူ ထောင်ပြစ်ဒဏ်ကို ပါကစ္စတန်( PTI) ပါတီ ဒု-ဥက္ကဋ္ဌ ရှား မာမွတ်ကူရာရှီကိုလည်း ချမှတ်ခဲ့သည်။ ကူရာရှီသည် အင်မရာခန် အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

" ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန် နဲ့ ပီတီအိုင်ပါတီ ဒုတိယဥက္ကဋ္ဌ ကူရာရှီတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်" ဟု ပီတီအိုင်ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အင်မရာခန် နှင့် ပါတီ ဒု-ဥက္ကဌ ကူရာရှီတို့အား နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်မရာ ခန် သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ကြီးများက ထောက်ခံသော အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

အင်မရာခန်က အမေရိကန်​၏ နောက်ကွယ်မှ သွေးထိုးပေးမှုဖြင့် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းအား ဖယ်ရှားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ အတိုက်အခံခေါင်းဆောင်တစ်ဦး အနေဖြင့် စစ်ဗိုလ်ချုပ်များအား ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများကို ဦးဆောင်လှုပ်ရှားခဲ့သည်။

အင်မရာခန် အား ပြီးခဲ့သည့် မေလက ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူထုဆန္ဒပြပွဲများကို ဦးဆောင်ကျင်းပခဲ့သည့် ပီတီအိုင်ပါတီခေါင်းဆောင်များကိုလည်း အစိုးရက ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ အင်မရာခန် အား ပြစ်ဒဏ်ချမှတ်လိုက်စဉ်မှာပင် ပြည်ပသို့ တိမ်းရှောင်နေခဲ့သော ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှရစ် ပါကစ္စတန်သို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းအားစွဲဆိုထားသည့် ပြစ်မှုများကိုလည်း ပယ်ဖျက်ခဲ့သည်။

လေ့လာသူများ​၏ အဆိုအရ သုံးကြိမ်တိတိ ပါကစ္စတန် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ နာဝက်ဇ် ရှရစ်ကို စစ်ဗိုလ်ချုပ်များက လာမည့် ရွေးကောက်ပွဲတွင် မျက်နှာသာပေးမည့် လက္ခဏာတစ်ရပ်ဟု ဆိုကြသည်။

ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကို ဖျက်သိမ်းထားရမည်ဖြစ်ပြီး လတ်တလောတွင် ကြားဖြတ်ယာယီအစိုးရက တာဝန်ယူလျှက်ရှိသည်။

NN-27

 ref: can

ဆက်စပ် သတင်းများ