Preview

ယူကရိန်းစစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီကို သမ္မတဇီလင်းစကီး ထုတ်ပယ်

ဖေဖော်ဝါရီ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1105
နိုင်ငံတကာ သတင်း

ယူကရိန်းသမ္မတဇီလင်းစကီးက ယူကရိန်းစစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေသည့် စစ်ဦးစီးချုပ်ဗယ်လာရီ ဇာလုဇ်ညီ ကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရှိ၇သည်။

သမ္မတဇီလင်းစကီး နှင့် စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီ တို့အကြား အချိန်ကာလအတန်ကြာသဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားခံလိုက်၇ခြင်းဖြစ်သည်။

စစ်ဦးစီးချုပ်ဇာလုဇ်ညီ ၏ နေရာတွင် စစ်ပွဲအတွေ့အကြုံရင့်ကျက်သူ ဗိုလ်ချုပ်အိုလက်ဆန်းဒါဆာဆကီးကို အစားထိုးခန့်အပ်လိုက်သည်ဟု သိ၇သည်။

ယခုရာထူးအပြောင်းအလဲမှာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ရုရှားက ယူကရိန်းအား အလုံးအရင်းဖြင့် ကျူးကျော်စစ်ဆင်နွှဲပြီးနောက်ပိုင်းယူကရိန်းစစ်တပ်အတွင်း အကြီးမားဆုံးအပြောင်းအလဲတစ်ခု ဖြစ်သည်။

သမ္မတဇီလင်းစကီးက အဆင့်မြင့်အမိန့်ပေးစနစ်တွင် သွေးသစ်လောင်းရန် လိုအပ်နေပြီးဇာလုဇ်ညီ အနေဖြင့် စစ်ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမည်ဟုပြောကြားခဲ့သည်။

ဗိုလ်ချုပ်ဇာလုဇ်ညီသည် ယူကရိန်းပြည်သူများနှင့် တပ်ဖွဲ့ဝင်များအကြား ယုံကြည်လေးစားခံရသူ ဖြစ်ပြီး အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။

သမ္မတဇီလင်းစကီးက မိမိ နှင့် ဗိုလ်ချုပ် ဇာလုဇ်ညီတို့အကြား စစ်တပ်တွင်း အပြောင်းအလဲပြုလုပ်ရန် လိုအပ်ပုံနှင့် ပွင့်လင်းသောတွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီးဗိုလ်ချုပ် ဇာလုဇ်ညီ၏ ယူကရိန်းအား ရုရှားကျူးကျော်မှုမှ ခုခံကာကွယ်မှုအတွက်ကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့သည်။

ယူကရိန်းစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဆာဆကီးသည် အတွေ့အကြုံရင့်ကျက်သည့် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် ရုရှားကျူးကျော်စစ်စတင်ချိန်တွင် မြို့တော် ကိယက်ဗ်ကိုဦးဆောင် ကာကွယ်ပေးခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်ဆာဆကီးသည် ထိုနှစ် နွေရာသီက ခါကိယက်ဗ်မြို့အား လျှပ်တစ်ပြက် တန်ပြန်ထိုးစစ်ဆင်ရာတွင်ဦးဆောင်ခဲ့ပြီးနောက် ယူကရိန်းအရှေ့ပိုင်းစစ်ဆင်ရေးများ၏ဦးစီးချုပ်ဖြစ်လာခဲ့သည်။ NN- 27/ ref:Reuters

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.