Preview

အင်ဒိုနီးရှား အနောက်ဆူမားတြားတွင် ရေကြီး၊ မြေပြို၊ အနည်းဆုံး လူ ၂၁ ဦးသေဆုံး

မတ် ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :746
နိုင်ငံတကာ သတင်း

အင်ဒိုနီးရှားနိုင်ငံ၊အနောက်ဆူမားတြားတွင် တနင်္ဂနွေနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးရုတ်တရက် ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများ ဖြစ်ပွါးခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး လူပေါင်း ၈၀၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု သိရှိ၇သည်။

အင်ဒိုနီးရှားအမျိုးသားသဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ရေလွှမ်းမိုးမှုကြောင့်လူ ၇ ဦးပျောက်ဆုံးနေပြီး အိမ်ခြေ ၆၅၀ ပျက်စီးခဲ့သည်ဟုဆိုသည်။

ပါဒန် ပါရီယာမန်ဒေသတွင် စနေနေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိမှုဖြစ်ပွါးခဲ့ရာကားလမ်းတစ်ခု ပိတ်သွားသည်ဟုသိ၇သည်။


အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့ဝင်၁၅၀ တို့သည် မြေပြိုလမ်းပိတ်နေသည့်ကြားက ပျောက်ဆုံး နေသူများရှာဖွေရေးနှင့် ကယ်ဆယ်ရေးပြုလုပ်နေ၇သည်။

ကယ်ဆယ်ထားသူများကိုအနီးရှိဗလီတစ်ခုတွင် နေရာချထားပေးပြီး လိုအပ်သော အစားအစာ၊ရေနှင့် ဆေးဝါးများ ပေးအပ်ထားကြောင်း အင်ဒိုနီးရှားကယ်ဆယ်ရေးအေဂျင်စီမှအဗ္ဗဒူမူဟာရီက ပြောကြားသည်။

ရေလွှမ်းမိုးမှုကြောင့်တံတား ၂၆ခု၊ စာသင်ကျောင်း ၂၅ကျောင်းနှင့် လယ်ယာစိုက်ပျိုးမြေ၁၁၅ ဟက်တာ ပျက်စီးသွားသည်ဟု သိ၇သည်။

အင်ဒိုနီးရှားမိုးလေ၀သအေဂျင်စီသည်ရုတ်တရက်မိုးကြိုးပစ် မိုးရွာသွန်းခြင်းကဲ့သို့လွန်ကဲရာသီဥတု ဖောက်ပြန်မှုများ မတ်လနှင့် ဧပြီလအတွင်း ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

NN-27/ref:BangkokPost

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.