Preview

ထိုင်းရေတပ်သင်္ဘောနှစ်စီး မတော်တဆပစ်ခတ်မှုဖြစ်ရာမှ တစ်စီးမီးလောင်ပြီးရေတပ်သား ၁၃ ဦး ဒဏ်ရာရ

မတ် ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :1250
နိုင်ငံတကာ သတင်း

နွေနေ/နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄

ထိုင်းရေတပ်သင်္ဘောနှစ်စီးကြာသပတေးနေ့က အချင်းချင်း မတော်တဆ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာပစ်ခတ်ခံရသော ရေတပ်သင်္ဘော မီးလောင်ကျွမ်းပြီး ရေတပ်သား၁၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိ၇သည်။

ဖရီးဂိတ်အမျိုးအစားထိုင်းရေတပ်သင်္ဘော HTMS ချွန်ဘူရီ သည် အခြားရေတပ်သင်္ဘောHTMS ခီရီရတ်အားမတော်တဆ ပစ်ခတ်ခဲ့သဖြင့် သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ပြီးရေတပ်သား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ရေတပ်သင်္ဘော နှစ်စီးစလုံးမှာ ချွန်ဘူရီပြည်နယ်၊ ဆတ်တာဟစ်ရေတပ်စခန်းရှိ လေသီယန် ဆိပ်ကမ်းတွင်ကျောက်ချရပ်နားနေသော သင်္ဘောများဖြစ်ကြသည်။

ကြာသပတေးနေ့နံနက် ၁၁:၅၀ အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး HTMS ချွန်ဘူရီရေတပ်သင်္ဘောတွင် တပ်ဆင်ထားသည့် အမြောက်က ရုတ်တရက် ကျည်ထွက်ပြီးရှေ့တွင်ရပ်ထားသည့် ရေတပ်သင်္ဘော HTMS ခီရီရတ်ကို သွားရောက် ထိမှန်ခြင်းဖြစ်သည်။

ထိုင်းတော်ဝင်ရေတပ်၏ပြောကြားချက်အရ ရေတပ်သား ၁၃ ဦး ဒဏ်ရာ၇ခဲ့ပြီး ၎င်းတို့အနက်၁၀ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

မီဒီယာများတွင် ဖော်ပြသော သတင်းများအရ တပ်ဖွဲ့ဝင်အများအပြားမီးခိုးငွေ့မွှန်ဝေဒနာ ခံစား၇သည်ဟု ဆိုသည်။

HTMS ချွန်ဘူရီရေတပ်သင်္ဘောသည် ဗုဒ္ဓဟူးနေ့က ပင်လယ်ပြင် စမ်းသပ်ပစ်ခတ် လေ့ကျင့်မှုပြုလုပ်ပြီး ဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

ထိုသို့စမ်းသပ်ပစ်ခတ်လေ့ကျင့်စဉ် အမြောက်တစ်လက်မှာ ကျည်မထွက်ဘဲ ဖြစ်ခဲ့သည်ဟုဆိုသည်။ Ref: Bangkok Post

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.