စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

တောင်အာဖရိကတွင် အီစတာဘုရားဖူးများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၄၅ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 566

နွေနေ၊ နိရဉ္စရာ (နိုင်ငံတကာသတင်း) မတ် ၂၉/၂၀၂၄

တောင်အာဖရိကနိုင်ငံမြောက်ပိုင်း၊ လင်ပိုပိုပြည်နယ်တွင် ကြာသပတေးနေ့က ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက် မီးလောင်ခဲ့ရာ ခရီးသည် ၄၅ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသည်ဟု တောင်အာဖရိက ပို့ဆောင်ရေးဌာနက ပြောကြားသည်။

ဘတ်စ်ကားမောင်းသူသည် မာမတ်လာကာလာ အနီးရှိ တံတားပေါ်တွင် အရှိန်မထိန်းနိုင်တော့ဘဲ တံတားအကာအရံများကို တိုက်မိပြီးနောက် ချောက်ထဲကျကာ မီးလောင်သွားခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဌာနက ကြေညာသည်။

ဘတ်စ်ကားသည် တောင်အာဖရိက ဘော့ဆွာနာ နိုင်ငံမှ အီစတာပွဲတော် ဘုရားဖူးခရီးသည်များကို တင်ဆောင်ကာ တောင်အာဖရိက လင်ပိုပိုပြည်နယ် မိုရီယာမြို့သို့အသွားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


တောင်အာဖရိကသမ္မတ ဆိုင်ရီလ် ရာမာဖိုဆာက သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဘော့ဆွာနာသို့ ပေးပို့ခဲ့သည်။

ဘတ်စ်ကားတိမ်းမှောက်မှုတွင် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ပြီး ကျန်အားလုံးသေဆုံးခဲ့ရာ အချို့မှာ မီးလောင်ကျွမ်းခံရပြီး အချို့မှာ အပျက်အစီးကြားညပ်နေကြောင်း ပြည်နယ်ပို့ဆောင်ရေးဌာနက ပြောသည်။

အသက်ရှင်ကျန်ရစ်သော ကလေးငယ်ကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးပြီး ဒဏ်ရာများကို ကုသပေးနေကြောင်း ပြည်နယ်ပို့ဆောင်ရေးဌာနက ဆိုသည်။ ref:CNA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!