တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် လှိုဏ်ခေါင်းတစ်ခု ထိုင်းနိုင်ငံ ကန်ချနာဘူရီတွင် ရှာဖွေတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 613

နွေနေ/ နိရဉ္စရာ၊  ဧပြီ ၁/ ၂၀၂၃ (နိုင်ငံတကာသတင်း)

ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သည့် ပေ ၁၀၀ ကျော် ရှည်လျားသည့် လူလုပ် လှိုဏ်ခေါင်း တစ်ခုကို ထိုင်းနိုင်ငံအနောက်ပိုင်း ဆန်ခလဘူရီခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရှိရသည်။

အဆိုပါလှိုဏ်ခေါင်းကို ယခုအပတ်အစောပိုင်းက ဆန်ခလဘူရီ-ဘုရားသုံးဆူသွား အမှတ် ၃၂၃ အဝေးပြေး လမ်းမအနီး ပေ ၃၀၀ အကွာတွင် ထိုဒေသရှိ နာမည်ကျော် သေမင်းတမန်ရထားလမ်းကို သုတေသနပြုနေသည့် ထိုင်းလူမျိုး မန်ချိုင်း နှင့် ဆူရာဝတ်ဆိုသူနှစ်ဦးက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လှိုဏ်ခေါင်းသည် အကျယ် ခြောက်ပေကျော်၊ အမြင့် ငါးပေကျော်ရှိပြီး ပေ ၁၀၀ ကျော်ရှည်လျားကာ တောင်နံရံကို ထွင်းဖောက်ထားသည်ဟု ရှာဖွေတွေ့ရှိသူ ဆူရာဝတ်က ပြောကြားသည်။

လှိုဏ်ဂူတူးဖော်ရာတွင် အသုံးပြုခဲ့သည့် ပေါက်ချွန်းများနှင့် လက်နက်ကိရိယာများတွေ့ရှိရသည့် အတွက် ဒုတိယကမ္ဘာစစ်အတွင်းက စစ်သုံ့ပန်းများက ဖောက်လုပ်ခဲ့သည်ဟု ယူဆသည်။

ဂျပန်တို့က ဒုတိယကမ္ဘာစစ်အတွင်း ဆန်ဂါရီယာမှဘုရားသုံးဆူအထိ ရထားလမ်းဖောက်နေစဉ် မဟာမိတ်တို့၏ ဗုံးကြဲမှုကို ရှောင်ရှားရန် အဆိုပါလှိုဏ်ခါင်းကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

မစ္စတာ မန်ချိုင်း နှင့် ဆူရာဝတ်တို့က အဆိုပါလှိုဏ်ခေါင်းသို့ သက်ဆိုင်ရာတာဝန်ရှိသူများအား ဖိတ်ခေါ်ပြသပြီး ပညာရေး နှင့် ခရီသွားလုပ်ငန်းအတွက် ရေရှည်ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

Raef:Bangkok Post



ဆက်စပ် သတင်းများ