နွေနေ/နိရဉ္စရာ၊ ဧပြီ၂/၂၀၂၄ (နိုင်ငံတကာ)
လာမည့်ဧပြီလ ၈ရက်နေ့တွင် ဖြစ်ပေါ်လာမည့် နေအပြည့်ကြပ်မှု ( total eclipse) ဖြစ်စဉ်ကိုမြောက်အမေရိကတိုက်၊ မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါနိုင်ငံတို့မှသန်းပေါင်းများစွာသော လူအများ မြင်တွေ့ရလိမ့်မည်ဟု သိ၇သည်။
နေအပြည့်ကြပ်ခြင်းဆိုသည်မှာလ သည် နေ နှင့် ကမ္ဘာကြား ဖြတ်သန်းသွားစဉ် နေမျက်နှာပြင် တစ်ခုလုံးကိုလက ဖုံးအုပ်သွားသည့်အတွက် ကမ္ဘာမြေပေါ်မှ နေကို မမြင်တွေ့၇တော့ဘဲအမှောင်ဖုံးသွားခြင်းကို ဆိုလိုသည်။
ယခုနေကြပ်မှုဖြစ်စဉ်ကို လ လမ်းကြောင်းဖြတ်သန်းသွားရာ မြောက်အမေရိကတိုက် မက္ကဆီကို၊ အမေရိကန် နှင့် ကနေဒါနိုင်ငံရှိသန်းပေါင်းများစွာသော လူများ မြင်တွေ့ကြရမည်ဟုသိ၇သည်။
နေကိုလ၏အရိပ်က အပြည့်ဖုံးအုပ်သွားသဖြင့် နေ့အချိန်တွင် ရုတ်တရက် အမှောင်ကျသွားစဉ်နေမင်း၏ အနားသတ် စက်ဝိုင်းကို ကမ္ဘာကမြင်တွေ့ကြ၇သည်။
ဤသို့နေအပြည့်ကြတ်မှုဖြစ်ပွားစဉ် သဘာ၀၏ တုံ့ပြန်မှုဖြင့် ရှင်သန်ကြသည့် တိရစ္ဆာန်အချို့သည် ကယောင်ခြောက်ခြားဖြစ်ပွားကာ အချိန်ခါမဟုတ် အိပ်တန်းတက်ခြင်း၊ အိပ်ရာနိုးခြင်းများ ဖြစ်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နေအပြည့်ကြတ်မှုများတွင် ကျီးကန်းများ ရုတ်တရက်ပျံသန်းမှုများ ရှိခဲ့သည်။
ဧပြီလ၈ ရက်တွင် ဖြစ်ပေါ်မည့် နေအပြည့်ကြပ်မှုဖြစ်စဉ်သည် တောင်ပစိဖိတ်မှ စတင်ပြီး မက္ကဆီကို မှတစ်ဆင့် အမေရိကန်အရှေ့ပိုင်း နှင့်ကနေဒါတို့ကို ဖြတ်သွားမည်ဖြစ်ရာထိုဒေသတွင် နေထိုင်သူများက နေအပြည့်ကြပ်သည်ကို မြင်တွေ့ရမည်ဖြစ်ပြီးထိုဒေသအပြင်ဘက်က လူများက တစ်စိပ်တစ်ပိုင်း နေကြပ်သည်ကိုမြင်တွေ့၇မည်ဖြစ်သည်။
တောင်ပစိဖိတ်မက္ကဆီကိုတွင် ဒေသစံတော်ချိန် နံနက် ၁၁:ရ နာရီတွင် စတင်နေကြပ်ပြီးအမေရိကန်နိုင်ငံသို့ တက္ကဆက်ပြည်နယ်မှဝင်ရောက်မည်ဖြစ်သည်။
နေကြပ်ရာလမ်းကြောင်းသည်အိုကလာဟိုးမား၊ အာကန်ဆာ့၊ တင်နက်ဆီ၊အီလီနွိုက်၊ ကင်တပ်ကီ၊အင်ဒီယာနာ၊ အိုဟိုင်းယိုး၊မီရှီဂန်၊ ပင်ဆယ်ဗေးနီးယား၊ နယူးယော့ခ်၊ဗားမောင့်၊ နယူးဟမ့်ရှိုင်းယား နှင့် မိန်းပြည်နယ်များကို ဖြတ်သန်းသွားမည်ဖြစ်သည်။
ကနေဒါနိုင်ငံသို့အွန်တာရီယိုမှ ဝင်ရောက်ပြီး ကွိဘက်၊နယူးဘန်းစ်ဝစ်၊ ပရင့်စ်အက်ဒ်ဝပ်ကျွန်း တို့ကိုဖြတ်သန်းကာ မြောက်အမေရိကကို အတ္တလန္တိတ်ကမ်းခြေနယူးဖောင်လန်မှ ကနေဒါစံတော်ချိန် ညနေ ၅:၁၆ နာရီတွင် ထွက်ခွာမည်ဟု သိ၇သည်။
တစ်စိတ်တစ်ပိုင်း နေကြပ်မှု ( Partialeclipse) ဖြစ်စဉ်ကိုမူအမေရိကန်ပြည်ထောင်စု ၄၈ ပြည်နယ်တွင် နေထိုင်သူများ မြင်တွေ့ကြ၇မည်ဟုဆိုသည်။
ယခုနေကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ဘဲမြောက်အမေရိက တစ်ဝန်းမှ လူများသာမြင်တွေ့ကြရမည်ဟု သိရသည်။ ယခုကဲ့သို့ နေအပြည့်ကြပ်မှု နောက်တစ်ကြိမ်ကိုမြောက်အမေရိကမှ လူများ ၂၀၄၄ ခုနှစ်ကျမှ ပြန်လည်မြင်တွေ့၇မည်ဟုဆိုသည်။ Ref:bdnews24.