တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

တူရကီ အစ္စတန်ဘူလ် မီးလောင်မှုတွင် လူ ၂၉ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 346

နိရဉ္စရာ၊ ဧပြီ ၃/ ၂၀၂၄(နိုင်ငံတကာ)

ဧပြီ ၂ အင်္ဂါနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ၁၆ ထပ် အဆောက်အအုံတစ်ခု မီးလောင်မှုတွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း တူရကီ စီးပွားရေးမြို့တော် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

အစောပိုင်းတွင် သေဆုံးသူ ၁၅ ဦးနှင့် ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက် တိုးလာခြင်းဖြစ်သည်။

အစ္စတန်ဘူလ်ရှိ Besiktas ခရိုင် Gayrettepe တွင် မီးလောင်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူ အရေအတွက်မှာ ၂၉ ဦးအထိ တိုးလာခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Davut Gul ၏ ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို ဆေးရုံမှာ ကုသမှု ခံယူနေရဆဲပါ” ဟု ၎င်းကဆိုသည်။

မီးလောင်မှုမှာ ဂရင်းနစ်စံတော်ချိန် နံနက် ၀၉: ၄၇ နာရီတွင် စတင်လောင်ကျွမ်းခဲ့ပြီး နာရီပိုင်းအကြာတွင် မီးသတ်သမားများက ထိန်းချုပ်နိုင်ခဲ့ကြောင်း အဆိုပါရုံးမှ ပြောကြားခဲ့သည်။

ရုပ်မြင်သံကြားမှ ထုတ်လွင့်ပြသရာတွင် မီးတောက်များ၏ ပုံရိပ်များနှင့် အထက် ပြတင်းပေါက်များမှ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်လာမှုကို ပြသထားသည်။

ဒဏ်ရာရသူ ပိုများလာသဖြင့် သေဆုံးဒဏ်ရာရသူ ပိုများလာကြောင်း၊ နေ့လယ်တလျှောက်လုံး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက် တိုးလာကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့် ကြေညာချက်များ အရ သိရသည်။

နိုက်ကလပ်တစ်ခု ဆောက်ထားသည့်  မြေအောက်ပထမထပ်နှင့်  ဒုတိယထပ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင်  မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အုပ်ချုပ်ရေးမှူးက Gul က သတင်းထောက်များကို ပြောဆိုသည်။

" မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို စတင်ဖွင့်လှစ်လုပ်ဆောင်လိုက်ပါပြီ" ဟု ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က X တွင် ရေးသားခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ လူငါးဦးကို အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးထားကြောင်း NTV သတင်းတွင် ဖော်ပြထားသည်။

Ref:29 killed in Istanbul fire/Bdnews24 and Photo: LBC

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!