နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၄ (နိုင်ငံတကာ)
ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းတွင် ရာစုနှစ် လေးပုံတစ်ပုံအတွင်း အပြင်းထန်ဆုံး ငလျင်အဖြစ်ယနေ့ နံနက်စောစောပိုင်းက အင်အား ၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိ၇သည်။
“ ငလျင်က ကုန်းမြေနဲ့နီးပြီး တိမ်တယ်။ထိုင်ဝမ်တစ်ကျွန်းလုံး ငလျင်ဒဏ် ခံစား၇တယ်။ဒီငလျင်ဟာ ၂၅ နှစ်အတွင်း ထိုင်ဝမ်မှာ လှုပ်ခဲ့သမျှ အပြင်းထန်ဆုံးပဲ”ဟုထိုင်ပေ မြေငလျင်ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဝူချမ်းဖူကသတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်ဝမ်တွင်၁၉၉၉ ခုနှစ်က အင်အား ၇ ဒသမ၆ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင် လှုပ်ခပ်ခဲ့ဖူးပြီး လူပေါင်း ၂၄၀၀ သေဆုံးခဲ့သည်။
မြေငလျင်သည်ဒေသစံတော်ချိန် မနက် ၈ နာရီတွင် လှုပ်သွားခြင်းဖြစ်ပြီး ဂျပန် နှင့် ဖိလစ်ပိုင်နိုင်ငံတို့က အရေးပေါ် ဆူနာမီသတိပေးချက်များချက်ချင်း ထုတ်ပြန်ခဲ့ကြသည်။
အမြင့်၁၀ ပေခန့်ရှိ ဆူနာမီလှိုင်းများ ထိုင်ဝမ်နှင့်အနီး ဂျပန်ကျွန်း မီယာကိုဂျီးမားသို့ ဝင်ရောက်လာနိုင်ကြောင်း ဂျပန်မိုးလေ၀သဌာနက သတိပေးထားသည်။
ဖိလစ်ပိုင်နိုင်ငံမြေငလျင်ဌာနကလည်း ပြည်နယ် ၂၃ ခုရှိ အနိမ့်ပိုင်းကမ်းရိုးတန်းတစ်လျှောက်နေထိုင်သူများ အမြန်ရွှေ့ပြောင်းကြရန် သတိပေးထားသည်။
ငလျင်သည်ထိုင်ဝမ် ဟွာလီယန်စီးတီး တောင်ဘက် ၁၈ ကီလိုမီတာအကွာ မြေအောက် ၃၄.၈ ကီလိုမီတာအနက်ကို ဗဟိုပြုလှုပ်သွားသည်ဟု အမေရိကန်ဘူမိလေ့လာရေးဌာနက ပြောသည်။
ငလျင်ကြောင့်ထိုင်ဝမ်ဆိပ်ကမ်းမြို့တစ်ခုလုံး လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားပြီးဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိ၇သည်။ ref:Reuters/CNA