ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 580

နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၄ (နိုင်ငံတကာ)

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင်နိုင်ငံတို့က လာမည့် ဧပြီလ (၇)ရက်နေ့တွင် တောင်တရုတ်ပင်လယ်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြမည်ဟု သိရှိရသည်။

“ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု “ ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရန် ရည်ရွယ်သည်ဟု ဆိုသည်။

တစ်ရက်တာ စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ဆက်သွယ်ရေး လှုပ်ရှားမှုများ၊ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် အထူးစီးပွါးရေးဇုန်စောင့်ကြည့်ရေးအရာရှိတို့ ပါဝင်မည်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက သတင်းထောက်များကို ပြောကြားသည်။

လေ့ကျင့်မှုတွင် အမေရိကန်တိုက်ခိုက်ရေးသင်္ဘော USS Mobile ဩစတြေးလျ ဖရီးဂိတ် HMAS Warramunga ဂျပန် ဖျက်သင်္ဘော JS Akebono နှင့် ဖိလစ်ပိုင် စစ်သင်္ဘော နှစ်စီး ပါဝင်မည်ဟု ဆိုသည်။

ယခု စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ မူဝါဒ၊ နည်းစနစ်၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်းများအကြား ပူးပေါင်းလှုပ်ရှားနိုင်စွမ်းကို တိုးပွါးရန် ရည်ရွယ်သည်ဟု ဆိုသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်၊ ဂျပန် နှင့် ဖိလစ်ပိုင်ခေါင်းဆောင်များ၏ ထိပ်သီးစည်းဝေးပွဲ မတိုင်မီ ရက်များအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မကြာမီက ပေါ်ပေါက်ခဲ့သည့် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင် နှင့် တရုတ်တို့ မတော်တဆဖြစ်မှုကိစ္စကို ထည့်သွင်း ဆွေးနွေးရန် ရှိသည်ဟု သိရသည်။ ref:CAN

ဆက်စပ် သတင်းများ