ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရုရှားတွင် နှစ်ပေါင်း ၇၀ အတွင်း မကြုံစဖူး အဆိုးရွားဆုံး ရေကြီရေလျှံမှု ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 222

လူထောင်ပေါင်းများစွာ ရေဘေးအန္တရာယ် ကြုံတွေ့နေရ
ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၀/၂၀၂၄ (နိုင်ငံတကာ)

 ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း မကြုံစဖူး ရေကြီးရေလျှံမှုများ  ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီးလူထောင်ပေါင်းများစွာသည် ရေဘေးအန္တရာယ်နဲ့ကြုံတွေ့ခံစားနေရသည်။

နှင်းများအရည်ပျော်မှုကြောင့် ရုရှားတွင် နှစ်စဉ်ဆိုသလိုရေကြီးမှုများကြုံတွေ့ရသော်လည်း ယခုနှစ်တွင်မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆိုးဆိုးရွားရွားရေကြီးမှုဖြစ်ပွားခြင်း အကြောင်းရင်းကိုမူ ချက်ချင်း မသိရှိရသေးဟုဆိုသည်။

ရုရှားနိုင်ငံ၏ အဓိကမြစ်ကြီး နှစ်စင်းသည် မြစ်ရေများလျှံတက်ခဲ့သဖြင့် အင်္ဂါနေ့တွင် မြို့ကြီးနှစ်မြို့၌  ရေကြီးသည့် အချက်ပေးဥသြသံများ ထွက်ပေါ်လာခဲ့ပြီး လူထောင်ပေါင်း များစွာကို  ဘေးလွတ်ရာသို့ချက်ချင်း ရွှေ့ပြောင်းကြ ရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယူရယ်လ်တောင်တန်းများနှင့် ဆိုက်ဘေးရီးယားရှိနေရာအနှံ့အပြားတွင် နှင်းများ လျင်မြန်စွာ အရည်ပျော်မှုကြောင့် ရုရှား၏ အကြီးဆုံးမြစ်အချို့ရေလျှံကာ မကြုံစဖူး  အိမ်ခြေ ၁၀,၅၀၀ ထက်မနည်း ရေလွှမ်းမိုးခံရပြီးနောက် လူထောင်ပေါင်းများစွာ သည် ရေဘေး အန္တရာယ် ရင်ဆိုင်ကြုံတွေ့ နေရသည်။




ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မော်စကိုမှနေ၍ ရေကြီးမှု အခြေအနေများကို စောင့်ကြည့်နေသော်လည်း ရုရှားနိုင်ငံသား ၁၀၀ ထက်မနည်းက ကရင်မလင် အကြီးအကဲကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပြီး ရေကြီးနေမှုအပေါ် “ရှက်ဖို့ကောင်းတယ် ” ဟု ဒေါသတကြီး အော်ဟစ်ခဲ့ကြသည်။

ရုရှားအရေးပေါ်အခြေအနေဌာနအကြီးအကဲ Alexander Kurenkov သည် သမ္မတ ပူတင်၏ တာဝန်ပေးမှုကြောင့်  ရေကြီးနေမှုအခြေအနေကို စောင့်ကြည့်ရန် အင်္ဂါနေ့တွင် Orenburg ဒေသသို့ထွက်ခွာသွားကြောင်း၊ ၄င်းသည် ယူရယ်လ်ရှိ Kurgan နှင့် Tyumen ဒေသများသို့လည်းသွားရောက်မည်ဖြစ်ကြောင်း ရုရှားအရေးပေါ် အခြေအနေ ၀န်ကြီးဌာနကပြောကြားသည်။

နှင်းအရည်ပျော်မှုဖြစ်စဥ်ကြောင့် ရုရှားနိုင်ငံတွင် နှစ်စဉ်ရေကြီးမှုအချို့ကြုံတွေ့ရသော်လည်း ယခုနှစ်ရေကြီးမှုသည် မည်သည့်အကြောင်းရင်းကြောင့် ဆိုးရွားစွာရေကြီးနေ ရသည်
ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 

ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားလာကြောင်း ကိုမူ သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောကြားထားသည်။


Source/bdnews24.com

ဆက်စပ် သတင်းများ