ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အစ္စရေးကို အီရန်က ဒရုန်းများ၊အတွဲလိုက်ဒုံးများဖြင့် စတင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 432

(အစ္စရေးက ကြားဖြတ်ဟန့်တား နိုင်ခဲ့ဟုဆို)

 ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၄/ ၂၀၂၄

 

အီရန်၏ ဒရုန်းများနှင့်အတွဲလိုက် ဒုံးကျည်များဖြင့် အစ္စရေးကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ၎င်းဒုံးလက်နက်များကို ကြားဖြတ်ဟန့်တား နိုင်ခဲ့သည်ဟု အစ္စရေးက ပြောဆိုသည်။

 

အီရန်သည် ဒရုန်းများ၊ အတွဲလိုက်ဒုံးများ ၂၀၀ ကျော်ကို စနေနေ့ညက အစ္စရေးနိုင်ငံသို့ ပစ်လွှတ်တိုက်ခိုက်ခဲ့ရာအစ္စရေးက ကြားဖြတ်ဟန့်တား နိုင်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂရီက ပြောကြားသည်။

 

 "ဒုံးကျည်များနှင့် ဒရုန်းများ အများအပြားကို အစ္စရေး၏ ဝေဟင်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်" ဟု၎င်းက ပြောကြားခဲ့သည်။

 

လူအသေအပျောက်များခဲ့သည့် ဆီးရီးယားရှိ အီရန်သံရုံးကို ဧပြီ ၁ ရက်နေ့က အစ္စရေးက တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဒရုန်းများ၊အတွဲလိုက်ဒုံးများဖြင့် အစ္စရေးနိုင်ငံသို့ ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။



 

ယခုတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေသည်။

 

ကျွန်ုပ်တို့၏ လေယာဉ်များသည် ဝေဟင်မှ ကြားဖြတ်ပစ်မှတ်များကို ဖြတ်တောက်ထားဆဲဖြစ်ပြီး အစ္စရေးသို့ ကျရောက်မည့် မည်သည့်ခြိမ်းခြောက်မှုများအတွက်မဆို အဆင်သင့်ဖြစ်နေပါပြီ" ဟု ဟာဂရီက ပြောကြားခဲ့သည်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ‘’ကျွန်တော်တို့ ကာကွယ်ရေး စနစ်တွေက ဒီဒုံးကျည်တွေကို ကာကွယ်နိုင်ပါတယ်။  ဘယ်လို ဖြစ်စဥ် အတွက် မဆို အသင့်ပါ။ အစ္စရေး နိုင်ငံတော်က ခိုင်မာတယ်။ အစ္စရေးတပ်က အားကောင်းတယ်။ အစ္စရေးပြည်သူတွေက မာကျောတယ်’’ ဟု ပြောကြားသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး လက်ရှိ အခြေအနေကို အချိန်ပြည့် စောင့်ကြည်‌နေသည်။

 

 ‘’အစ္စရေး လုံခြုံရေးနဲ့ ပြည်သူတွေ အတွက် ကျွန်တော်တို့ရဲ့ အခိုင်အမာ ထောက်ခံ အားပေးထား ပါတယ်။  အမေရိကန်ပြည်ထောင်စုဟာ အစ္စရေး ပြည်သူတွေနဲ့ အတူ ရပ်တည်ပြီး အီရန်ရဲ့ အခုလို ခြိမ်းခြောက် မှုတွေ အတွက် အစ္စရေးတို့ရဲ့ ကာကွယ်မှုကို အားပေး သွားမှာ ဖြစ်တယ်’’ လို့ ပြောကြားသွားသည်။

 

 

 Source/CNN

 

 

ဆက်စပ် သတင်းများ