ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ယူကရိန်းနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်း ရုရှားစစ်သား ၅၀,၀၀၀ ကျော် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 450

ဂျွန်နသန်/နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄

ယူကရိန်းနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်း ရုရှားစစ်တပ်မှ သေဆုံးသူ အရေအတွက်သည် ၅၀၀၀၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

မော်စကိုက "အသားကြိတ်စက်" ဟု ခေါ်သည့် ၄င်း၏စစ် နည်းဗျူဟာကို တွန်းအားပေးဖော်ဆောင် ခဲ့သဖြင့် ရှေ့တန်းတွင် ဒုတိယနှစ် ၁၂ လတာကာလအတွင်း သေဆုံးသူ အရေအတွက်သည် ပထမနှစ် ကာလထက် ၂၅ ရာခိုင်နှုန်းနီးပါး ပိုများလာသည်ကို တွေ့ရှိခဲ့ရသည်။

ရုရှား ဘီဘီစီ၊ အမှီအခိုကင်းသော မီဒီယာအဖွဲ့ Mediazona နှင့် စေတနာ့ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက သေဆုံးမှုစာရင်းများကိုပြုစု နေခဲ့သည်။

BBC အဖွဲ့များသည် တရားဝင်သတင်းများ၊ သတင်းစာများနှင့် ဆိုရှယ်မီဒီယာများမှ ခိုင်မာသည့် သတင်းအချက်အလက်များကိုစုစည်းထားသည်။

ရုရှားကမူ သေဆုံးမှု အချက်အလက်များအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

BBC မှယခုထုတ်ပြန်ခဲ့သော စုစုပေါင်းသေဆုံးသူ ၅၀၀၀၀  ကျော်သည် ၂၀၂၂  ခုနှစ် စက်တင်ဘာလတွင် မော်စကိုမှ ထုတ်ပြန်ခဲ့သောအရေအတွက်ထက် ဆပိုများနေသည်။

ရုရှ၏ အမှန်တကယ် သေဆုံးမှု ကိန်းဂဏန်းမှာယခုထက် ပိုမိုများပြားဖွယ်ရှိသည်ဟုလည်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

 Ref: BBC/ 50,000 Russian soldiers confirmed dead in war with Ukraine

ဆက်စပ် သတင်းများ