စိုးစံအောင်၊ နိရဥ္စရာ ၊ ဧပြီ ၂၁/ ၂၀၂၄
ရခိုင်ပြည်၊တောင်ကုတ်မြို့မရဲစခန်းမှူး စခန်းမှထွက်ပြေးပြီးနောက်ပိုင်း ရဲတပ်ကြပ် တစ်ဦးမှာလည်းစခန်းမှထွက်ပြေးသွားခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သည့်သတင်းရင်းမြစ်နှင့် မြို့ခံများကပြောသည်။
ထွက်ပြေးသွားသူမှာရဲတပ်ကြပ်ကြီး လှထွန်း ဆိုသူဖြစ်ပြီး မြောက်ဦးမြို့နယ် ဇာတိဖြစ်ကြောင်းသိ၇သည်။
တောင်ကုတ်မြို့ခံသတင်းရင်းမြစ်တစ်ဦးက"ထွက်ပြေးသွားတာက တပ်ကြပ်ကြီးလှထွန်းလို့သိ၇တယ်။ တောင်ကုတ်စခန်းမှာတာဝန်ကျနေရာကထွက်ပြေးသွားတာလို့သိထား၇တယ်။သူထွက်ပြေးတာကို ကျွန်တော်တို့သိရတာတော့ ဒီနေ့မနက်ပိုင်းမှာစပြီးသိ၇တာ" ဟုပြောသည်။
၄င်းတပ်ကြပ်ကြီးနှင့်အတူလက်နက်ခဲယမ်းများပါသွားခြင်းရှိမရှိကိုမူ မသိရှိနိုင်ကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောသည်။
" သုံးလေးရက်တော့ရှိပြီ။ပြေးသွားတဲ့ဖြစ်စဥ်ကတော့ဟုတ်ပါတယ်"ဟု ၄င်းကပြောသည်။
တောင်ကုတ်မြို့မရဲစခန်းမှူးစန်းညွန့်မှာ ခရိုင်မှူး၏ဖိနှိပ်ဆက်ဆံမှုများကြောင့်ဧပြီလ ၃ ရက်၊ ညအချိန်က စခန်းမှ လက်နက်မဲ့ထွက်ပြေးသွားခဲ့ကြောင်းသိ၇သည်။
တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ထွက်ပြေးမှုများရှိနေပြီးအလုပ်ထွက်ရန် ပြင်ဆင်နေသူများလည်းရှိကြောင်း သိ၇သည်။
ဧပြီလ၁၂ ရက်ကလည်း တောင်ကုတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းမောင် (၅၀) နှစ်ကို စစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိ၇သည်။