စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အီရန်ကျောထောက်နောက်ခံပြုထားသည့် အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 835

ဂျွန်နသန်၊ နိရဉ္စာ၊ဧပြီ ၂၁/၂၀၂၄

 အီရတ်နိုင်ငံ ဘေဘီလုံပြည်နယ်ရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ Harakat al Nujaba အသုံးပြုသည့်  အခြေစိုက်စခန်းတစ်ခုကို စနေနေ့အစောပိုင်းတွင် လေကြောင်း ိုက်ခိုက်ခံရပြီး  ကြီးမားသောပေါက်ကွဲမှု  တစ်ခုဖြစ်ပွားခဲ့ကြောင်း အီရတ်၏လုံခြုံရေးတပ်ဖွဲ့ Popular Mobilization Forces ၏ ပြောကြားချက် အရ သိရသည်။

 

အီရန်နိုင်ငံအလယ်ပိုင်း Isfahan မြို့အနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုကို အစ္စရေးက တိုက်ခိုက် ပြီးနောက် တစ်ရက်အကြာတွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အစ္စရေးနှင့် အီရန်အရာရှိ များက အတည်ပြု ပြောကြားခဲ့သည်။

 

အမေရိကန်စစ်တပ်က အီရတ်ရှိ မည်သည့်နေရာကိုမျှ တိုက်ခိုက်ရာတွင် ပါဝင်ခြင်းမရှိကြောင်း တိုက်ခိုက်မှုအပြီး မကြာမီ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းစစ်အခြေစိုက် စခန်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမေရိကန်က လေကြောင်း တိုက်ခိုက်မှု မပြုကြောင်း ငြင်းဆိုထားသည်။

 

သို့ရာတွင်ထိုတိုက်ခိက်မှုအတွက် အစ္စရေးစစ်တပ်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

ယနေ့နံနက်အစောပိုင်းက အီရတ်ရှိ စစ်အခြေစိုက်စခန်း၌ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်၏ Popular Mobilization Forces (PMF) အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

 

လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုကလည်း  ဘဂ္ဂဒက်မြို့တောင်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့်အကွာ Kalso စစ်အခြေစိုက်စခန်းတွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြောကြားသည်။

 

Kalso စစ်အခြေစိုက်စခန်း ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်" ဟုအီရတ်စစ်တပ်က ပြောသည်။

 

ပေါက်ကွဲမှုနှင့် မီးလောင်ရသည့် အကြောင်းရင်းကို နည်းပညာကော်မတီက ရှာဖွေနေကြောင်း  အီရတ်စစ်တပ်က ပြောကြားသည်။

 

Source/The New York Times, The Guardian

ဆက်စပ် သတင်းများ