ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ၂၂/၂၀၂၄ (နိုင်ငံတကာ)
ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းတစ်ခုဆီသို့ အီရတ်နိုင်ငံဇမ်မာမြို့မှ ဒုံးကျည်ငါးစင်းထက်မနည်း ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
အီရတ်ရှိအီရန်ကျောထောက်နောက်ခံပြုအဖွဲ့က ယနေ့တွင် ထိုကဲ့သိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလုံခြုံရေးသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။
ယခုတိုက်ခိုက်မှုသည်အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့များက အမေရိကန်တပ်များကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ဖေဖော်ဝါရီလနောက်ပိုင်းက ရပ်တန့်ခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ယင်းနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှု ဖြစ်သည်ဟုရိုက်တာသတင်းကို ကိုးကားပြီး The Sky News ကဖော်ပြသည်။
အီရတ်ဝန်ကြီးချုပ်Mohammed Shia al Sudani သည် အိမ်ဖြူတော်တွင် သမ္မတဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် နိုင်ငံသို့ ပြန်ရောက်ပြီး တစ်ရက်အကြာတွင်ထွက်ပေါ်လာခြင်းဖြစ်သည်။ Source/The Sky News