Preview

မလေးရှားရေတပ်မှ ၇ဟတ်ယာဉ်နှစ်စင်း၊ ဝေဟင်တွင် တိုက်မိ၊ အမှုထမ်း ၁၀ ဦးစလုံး သေဆုံး

ဧပြီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :1241
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၄/ ၂၀၂၄

မလေးရှားရေတပ်၏ ရဟတ်ယာဉ်နှစ်စင်းသည်စစ်ရေးပြလေ့ကျင့်မှုတစ်ခုအတွက် အစမ်းလေ့ကျင့် ပျံသန်းနေစဉ်ဝေဟင်တွင် တိုက်မိပြီး ၇ဟတ်ယာဉ်ပေါ်ပါ အမှုထမ်း ၁၀ ဦးစလုံး သေဆုံးခဲ့သည်ဟု BBCNews က သတင်းဖော်ပြသည်။

 နိုင်ငံ့အတွက်ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးဖြစ်ကြောင်းထိုအဖြစ်ဆိုးအတွက်များစွာ ဝမ်းနည်း ကြေကွဲရပါကြောင်း၊ သေဆုံးသူမိသားစုများအားလုံးအတွက်လည်းဝမ်းနည်းကြေကွဲရပါကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က X လူမှုကွန်ယက်တွင်ရေးသားဖော်ပြခဲ့သည်။

 

လေယာဉ်နှစ်စင်းသည် မြေပြင်သို့ ပျက်ကျခြင်း မပြုမီတွင် ရဟတ်ယာဉ်တစ်စင်း၏ပန်ကာဒလက်သည် အခြားရဟတ်ကိုတိုက်မိသွားခဲ့ကြောင်းဒေသတွင်းက မီဒီယာများတွင် ဖော်ပြခဲ့သည့်ဗီဒီယိုတွင်တွေ့၇သည်။


လူခုနစ်ဦးလိုက်ပါလာသည့်HOM M503-3 ရဟတ်ယာဉ်တစ်စင်း သည် ပြေးလမ်းကြောင်းပေါ်သို့ ပျက်ကျခဲ့သည်ဟုယုံကြည်၇ပြီးလူသုံးဦးတင်ဆောင်လာသော Fennec M502-6 ရဟတ်ယာဉ် တစ်စင်း သည် အနီးနားရှိရေကူးကန်ထဲသို့ ပျက်ကျခဲ့သည်။

 

အဆိုပါအဖြစ်အပျက်သည် ဧပြီလ ၂၃ရက်၊ ဒေသစံတော်ချိန် နံနက်၉နာရီခွဲ တွင်မလေးရှား တော်ဝင်ရေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်သည့်Lumut မြို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူမရှိကြောင်းသိ၇သည်။

 

အားလုံးသည် နေရာတွင်ပင်သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ရုပ်အလောင်းများကို ဖော်ထုတ်ရန် အတွက် Lumutရှိ တပ်မတော်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း တော်ဝင်မလေးရှားရေတပ်မှ ပြောကြားခဲ့သည်။

 

အခင်းဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

Source/BBC News

https://www.bbc.com/news/world-asia-68852721

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.