ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၅/၂၀၂၄
ပြင်းထန်သည့်အပူလှိုင်းသည် ယခုသီတင်းပတ်အတွင်း တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအချို့ကို ဖြစ်ကျော်ဝင်ရောက်ခဲ့သည်။
ထိုင်းနိုင်ငံတွင်အပူဒဏ်ကြောင့်ယခုနှစ်အတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့သည့်အတွက်ထိုင်းအစိုး၇က ယနေ့ တွင် သတိပေးချက်အသစ် ထုတ်ပြန်ခဲ့သည်ဟုCNA ကသတင်းဖော်ပြသည်။
အပူချိန်သည်၅၂ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားမှုကြောင့်ဘန်ကောက်မြို့တော် အာဏာပိုင်များကပြင်းထန်သည့်အပူဒဏ်လွန်ကဲမှု သတိပေးချက် ကိုထုတ်ပြန်ထားသည်။
ထိုင်းမြို့တော်၏ဘန်ကောက်တွင် အပူချိန်သည် ယမန်နေ့က၄၀.၁ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီးယနေ့တွင် လည်းအလားတူအဆင့်ဟု ခန့်မှန်းထားသည်။
အပူချိန်အလွန်ပြင်းထန်သည့်အပူလှိုင်းသည်သည်ယခုသီတင်းပတ်အတွင်း တောင်အာရှနှင့်အရှေ့တောင်အာရှ ဒေသအချို့ကို ဖြစ်ကျော်ဝင်ရောက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း မိုးရွာရန်အတွက် ဝတ်ပြု ဆုတောင်းကြပြီး ဖိလစ်ပိုင်နိုင်ငံတွင်လည်းနိုင်ငံတစ်ဝှမ်းရှိ ကျောင်းများကို ပိတ်ထားရန်တိုက်တွန်းနှိုးဆော်ထားသည်။ Source/ CNA