ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တရုတ်နှင့် အမေရိကန်တို့သည် ပြိုင်ဘက်များမဟုတ်ဘဲမိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ် သမ္မတရှီက ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 577

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၆/၂၀၂၄

 တရုတ်နှင့် အမေရိကန်တို့သည် ပြိုင်ဘက်များမဟုတ်ဘဲမိတ်ဖက်မျာ  ဖြစ်သင့်ကြောင်း တရုတ်သမ္မတရှီက ပြောကြား လိုက်သည်။

 

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန် နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် တရုတ်နိုင်ငံမြို့တော်၊ ဘေကျင်းမြို့ရှိ Great Hall of People တွင် ယနေ့ တွေ့ဆုံစဥ် သမ္မတရှီကအ ထက်ပါအတိုင်း ပြောကြားလိုက်သည်။

 

အမေရိကန်-တရုတ်ဆက်ဆံရေးအတွက် အခြေခံမူကြီးသုံးရပ်ဖြစ်သည့် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် သူလည်းအကျိုးဖြစ်ထွန်း -ကိုယ်လည်းအကျိုး ဖြစ်ထွန်းစေသည့် win-win ပူးပေါင်းဆောင်ရွက်ရန်တို့ကို တရုတ်သမ္မတက တောင်းဆိုခဲ့သည်။

 

 တစ်ဦးနဲ့တစ်ဦး [နှစ်နိုင်ငံ] ထိခိုက်စေရန်အတွက်မဟုတ်ဘဲ အောင်မြင်မှုများရရှိရန်အတွက်သာ ပြုလုပ်သင့်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

 

 

"ယုံကြည်မှုရှိ၊ ပွင့်လင်းပြီး ချမ်းသာကြွယ်၀တဲ့ အမေရိကန်ပြည်ထောင်စုကို မြင်ရတာ ဝမ်းသာပါတယ်။ အမေရိကန်ဘက်ကလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောဆောင်ပြီး ရှုမြင်မယ်လို့ မျှော်လင့်ပါတယ်"ဟု တရုတ်သမ္မတက ပြောဆိုခဲ့သည်။

 

Source/BBC

ဆက်စပ် သတင်းများ