Preview

တရုတ်နိုင်ငံတွင် မိုးကြီး၍ အမြန်လမ်းမြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ဦးထိရှိလာ

မေ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :468
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂

 တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံတွင် မိုးကြီးပြီး အမြန် လမ်းပြိုကျမှုကြောင့် သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်လာကြောင်းတရုတ်Xinhuaသတင်းကဖော်ပြသည်။

 

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်သို့သွားသော ကွမ်တုန်းပြည်နယ်မိန်သာ့အမြန်လမ်း တွင် မေ ၁ ရက် နံနက် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုမှုကြောင့်အမြန်လမ်းမြေပြိုမှု ဖြစ်ပွားခဲ့သည်။



 

အဆိုပါ အမြန်လမ်းမြေပြိုမှုကြောင့် မေ ၂ ရက် နံနက် ၅ နာရီ ၃၀မိနစ်အချိန်အထိ ယာဉ် ၂၃ စီး ပြုတ်ကျခဲ့ကြောင်းတွေ့ရှိခဲ့ပြီး လူ ၃၆ ဦးသေဆုံးခဲ့ကာ  ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိန်ကျိုးမြို့ သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သတင်းရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Xinhuaသတင်းက ဖော်ပြသည်။

 

မြေပြိုမှုကြောင့်လမ်းနှစ်ဖက်စလုံးတွင် ယာဉ်ကြောပိတ်ဆို့နေသောကြောင့်ရဲတပ်ဖွဲ့နှင့် အခြားအရေးပေါ်ဌာနများမှ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်ကိုဖိအားပေးခေါ်ယူခဲ့ရကြောင်း ပြည်နယ်အစိုးရသည် လက်ရွေးစင်ပထူးတပ်ဖွဲ့များကိုစုစည်းကာ ရှာဖွေကယ်ဆယ်ရေးများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယခုချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း

ပြည်နယ်အစိုးရတာဝန်ရှိသူကဆိုသည်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.