ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၆/၂၀၂၄
ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူ (၅၇)ဦး သေဆုံးပြီး(၆၇) ဦးပျောက်ဆုံးလျက် ရှိကြောင်း သိ၇သည်။
ဘရာဇီးနိုင်ငံတောင်ပိုင်းတွင်ရေကြီးမှုနှင့် ရွှံ့မြေများပြိုကျမှုကြောင့် အနည်းဆုံးလူ ၅၇ ဦး သေဆုံးပြီး လူ ၇၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရကြောင်း၊အနည်းဆုံး လူ ၇၄ ဦး ဒဏ်ရာ၇ခဲ့ပြီးနောက်ထပ်လူ ၆ရဦး လည်းပျောက်ဆုံးနေကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက မေလ ၄ရက်ကပြောကြားသည်။
လူ(၅ရ)ဦး သေဆုံး ခဲ့သည့်စာရင်းတွင်ရေလျှံမှုကြောင့် ဓာတ်ဆီဆိုင်တစ်ဆိုင်ပေါက်ကွဲခဲ့မှုအတွင်းသေဆုံးခဲ့သူ နှစ်ဦး မပါဝင်ကြောင်းအရပ်ဘက်ကာကွယ်ရေးဌာနက ပြောကြားသည်။
ပေါ်တိုအယ်လီဂရီ မြို့ကိုဖြတ်သန်းစီးဆင်းသည့် ဂွိုက်ဘာမြစ်သည် ၁၉၄၁ ခုနှစ်က ရေကြီးမှု စံချိန်တင်ခဲ့သည့်၄.၇၆ မီတာထက်မြင့်ကာ ၅.၀၄ မီတာ ဖြင့်သမိုင်းဝင် စံချိန်သစ်ဖြစ်လာခဲ့သည်။
ဒေသခံ၆၉၂၀၀ သည် နေအိမ်များမှ ရွှေ့ပြောင်းခံခဲ့၇ပြီး လူတစ်သန်းကျော်သည်လည်း သောက်သုံး ရေများပြတ်လပ်လျက်ရှိ သည်။ ပေါ်တိုအလီဂရီအပြည်ပြည်ဆိုင်ရာလေဆိပ်လည်းလေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်းထား၇သည်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာမရေမတွက်နိုင်အောင် ဖြစ်နေသည်ဟု အရပ်ဘက်ကာကွယ်ရေးဌာနကပြောသည်။ Source/Dhaka Tribune