တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဆားများတင်ဆောင်လာသည့် စက်လှေ ၁၆ စီး တိမ်းမှောက်ခဲ့ပြီး လူ ၇၂ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၉/၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဆားများတင်ဆောင်လာသည့် စက်လှေ ၁၆ စီး တိမ်းမှောက်ခဲ့ပြီး လူ ၇၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်း ဒါကာထရီဗြူးကဖော်ပြချက်အရသိရသည်

ဘင်္ဂလားပင်လယ်အော်ရှိ ကမ်းရိုးတန်းဒေသများတွင် ရာသီဥတု ဆိုးရွားမှုကြောင့် မေလ (၈)ရက်က  စက်လှေ (၁၆)စီး တိမ်းမှောက်ခဲ့ပြီး လူ (၇၂) ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ စက်လှေ ၄ စင်းနှင့် လူ ၃၀ ဦးကိုသာ မြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တို့က ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း ဒေသအသီးသီးတွင် မေလ ၈ရက် ၊ နံနက်ပိုင်းမှ မွန်းတည့်ချိန် အထိ  ရာသီဥတုမှာဆိုးရွားလျက်ရှိကြောင်း အဆိုပါ စက်လှေများသည် ဆိုးရွားသည့် ရာသီဥတု ကြားတွင် ပျောက်ဆုံးသွားခဲ့ရကြောင်း Gahira Baro Auliya မြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ခံ Titu Dutta က ပြောဆိုသည်။

စစ်တကောင်းခရိုင် အန်ဝါရာနှင့် ဘန်ရှခါလီ ကမ်းရိုးတန်းများတွင် မေလ ၈ ရက် က ရာသီဥတုမှာ ဆိုးရွားမှုကြောင့် ဆားများတင်ဆောင်လာသည့်စက်လှေ ၁၆ စင်း နစ်မြုပ်သွားခဲ့ရပြီးအနည်းဆုံး လူ ၇၂ ဦး ပျောက်ဆုံးသွားခဲ့သည်။

မြစ်ကြောင်းရဲတပ်ဖွဲ့နှင့်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တို့မှ  ရဲများ သည် သတင်းအရ အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စက်လှေ ၄ စင်းနှင့် လူ ၃၀ ဦး ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း Titu Dutta က ဆက်လက်ပြောကြားသည်။

သင်္ဘောသည် ကူတက်ဒီရား ထွက်ခွာလာစဥ် နံနက်ပိုင်းတွင် မုန်တိုင်း စတင်တိုက်ခတ်လာကြောင်း၊ မုန်တိုင်းကြောင့် ၎င်းတို့၏ စက်လှေ သည် တိမ်းမှောက်ပြီး နစ်မြုပ်သွားခဲ့ ကြောင်း ၊ ထိုအချိန်တွင် အခြား ငါးဖမ်းသင်္ဘောအချို့လည်း နစ်မြုပ်သွားခဲ့ကြောင်း Baro Auliya ငါးဖမ်းစက်လှေမှ လှေသမား ဖာရက် က ပြောဆိုသည်။

"ကျွန်တော်တို့စက်လှေက ကမ်းစပ် နဲ့ နီးတော့ လှေသမား အားလုံး ကမ်းပေါ်ကို ကူးခတ်နိုင်ခဲ့တယ်။ ဒါပေမယ့် စက်လှေနစ်မြုပ်ခဲ့လို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

Source/Darkha Tribune

ဆက်စပ် သတင်းများ