အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ရုရှား အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် တင့်ကားတစ်စီးသာပါ၀င်ပြသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

(နိုင်ငံသည်"ခက်ခဲသောကာလ" ကို ဖြတ်သန်းနေရကြောင်း သမ္မတပူတင် က ဝန်ခံပြောကြား)

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၉/ ၂၀၂၄ (နိုင်ငံတကာ)

ရုရှားနိုင်ငံတွင်  ယနေ့ကျင်းပခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် တင့်ကားတစ်စီးသာ ပါ၀င် ပြသနိုင်ခဲ့ပြီး နိုင်ငံသည် "ခက်ခဲသောကာလ" ကို ဖြတ်သန်းနေရကြောင်း သမ္မတပူတင်က ဝန်ခံပြောကြားလိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယနေ့ ကျင်းပသည့် အောင်ပွဲနေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ရာ ရုရှား၏တိုက်ခိုက်ရေးတပ်ဖွဲ့များသည် "အမြဲအဆင်သင့်ဖြစ်နေကြောင်း " သို့ သော်လည်း နိုင်ငံသည် "ခက်ခဲသောကာလ" ကို ဖြတ်သန်းနေရကြောင်း ဝန်ခံခဲ့သည်။

ရုရှားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းမော်စကိုရှိ ရင်ပြင်နီ တွင် ကျင်းပသည်။

ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ရင်ပြင်နီ၌ကျင်းပသည့် စစ်ရေးပြအခမ်းအနားတွင်ပူတင်ကမိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်းပြောဆိုခဲ့သည်။

ထိပ်တန်းသုတေသနစင်တာတစ်ခု၏ထုတ်ပြန်ချက်အရယူကရိန်းနှင့်ဖြစ်ပွားသည့် တိုက်ပွဲများ အတွင်းရုရှား တင့်ကားအစီးရေ ၃၀၀၀ ဆုံးရှုံးခဲ့ပြီးနောက် ရုရှားသည် တင့်ကားဟောင်းများအား ပြန်လည်ပြုပြင်ခြင်းကို ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။

၂၀၂၀ခုနှစ်တွင် ကျင်းပခဲ့သည့် အောင်ပွဲနေ့ အခမ်းအနား စစ်ရေးပြပွဲတွင် တင့်ကားအစီးရေ ၂၀ ကျော် ပါ၀င်ပြသခဲ့ပြီး ယခုနှစ်တွင် တစ်စီးသာပြသနိုင်ခဲ့သည်ကို တွေ့ရသည်။

ရုရှားသည်ယူကရိန်းနှင့် စစ်ပွဲအတွင်း တင့်ကားများစွာ ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS) က ပြောကြားခဲ့သည်။

 

Source/Sky News

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!