စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အာဖဂန်တွင် ရေကြီးမှုကြောင့် လူပေါင်း ၃၁၅ ဦး သေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 519

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၄

အာဖဂန်နစ္စတန်တွင် ရေကြီး၊ ရေလျှံမှုများကြောင့် လူ ၃၁၅ ဦး သေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း The Straits Times က ဖော်ပြချက်အရသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ကျေးရွာများတွင် လူ ၃၁၅ ဦး သေဆုံးပြီး လူ ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက မေ ၁၂ ရက်တွင် ပြောကြားသည်။

နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း၊မွေးမြူရေးတိရစ္ဆာန်များလည်း သေကြေ ပျက်ဆီးခဲ့ရကြောင်း တာလီဘန်ဒုက္ခသည် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

ရေကြီးမှုကြောင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခြေခံ ပစ္စည်းများ၊ သောက်သုံရေကဲ့သို့ အရေးကြီးသည့် အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့ပြီး လမ်းများပေါ်တွင် ရွှံ့များဖြင့် ဖုံးလွှမ်းသွားကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

"ငါတို့မှာ စားစရာလည်းမရှိ၊ သောက်စရာ ရေကလည်းမရှိ၊ အမိုးအကာလည်းမရှိ၊ စောင်လည်းမရှိ၊ ဘာဆိုဘာမှမရှိတော့ဘူး ရေကြီးလို့ အရာ အားလုံး အကုန်ပျက်စီးသွားပြီ" ဟု မိုဟာမက် ယာကွတ်က ပြောကြားခဲ့သည်။

မိုဟာမက် ယာကွတ်သည်ရေကြီးမှုကြောင့်၎င်း၏ ကလေးငယ်များအပါအဝင် မိသားစုဝင် ၁၃ ဦး ကိုဆုံးရှုံးခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သူများသည်လည်း ရုန်းကန်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အိမ် ၄၂ လုံးမှာ နှစ်လုံး ၃ လုံးပဲ ကျန်တော့တယ်။ ချိုင့်ဝှမ်းတစ်ခုလုံး ပျက်စီးသွားပြီ"ဟု ယာကွတ်ကဆက်ပြောသည်။

ရုတ်ချည်းဆိုသလို ရေကြီးလာမှုကြောင့် နေအိမ်တွေ၊ ရွာတွေ ပြိုပျက်ပြီး ကျွဲနွားတိရစ္ဆာန်တွေ လည်း သေဆုံးခဲ့ရပါတယ်။အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ (ရေထဲ) မျောပါသွားပါပြီ" ဟု Save the Children ၏ အာဖဂန်နစ္စတန် ဒါရိုက်တာ အာရှက်မာလစ် က ပြောကြားခဲ့သည်။

ကလေး ၃၁၀,၀၀၀ သည်လည်း ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံစားရသည့် ခရိုင်များတွင် နေထိုင်နေရကြောင်း ၎င်းကခန့်မှန်းပြောဆိုသည်။

ကလေးတွေဟာ လည်း အရာအားလုံး ကိုသူတို့ လက်လွတ်ဆုံးရှုံးခဲ့ရပါ ပြီဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

ကုလသမဂ္ဂ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအား ရေဘေးသင့်သူများကို ထောက်ပံ့ကူညီပေးကြပါရန်  တာလီဘန်၏ စီးပွားရေးဝန်ကြီး မစ္စတာဒင် မိုဟာမက် ဟာနီဖ်က မေလ ၁၂ ရက်နေ့က တောင်းဆိုလိုက်သည်။

အာဖဂန်နစ္စတန်ကို သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အများဆုံးခံသည့်နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။


Source- The Straits Times and Photo - CNN

ဆက်စပ် သတင်းများ