စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အစ္စရေးက ဂါဇာကို လေကြောင်းဖြင့် တိုက်ခိုက်၍ ၁၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 666

(အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၂၄ နာရီအတွင်းအနည်းဆုံး လူ ၆၃ ဦး သေဆုံးပြီး ၁၁၄ ဦး ဒဏ်ရာရရှိခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၃/ ၂၀၂၄ (နိုင်ငံတကာ)

အစ္စရေးက ဂါဇာ ကို လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ်ပြုလုပ်ခဲ့ရာ အနည်းဆုံ ပါလက်၀တိုင်း ၁၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ၂၄ နာရီအတွင်း ပါလက်စတိုင်းအနည်းဆုံး လူ ၆၃ ဦး သေဆုံးပြီး ၁၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အစ္စရေးက မေလ ၁၁ ရက် ညနေပိုင်းအတွင်း ဂါဇာအလယ်ပိုင်းရှိ Deir al-Balah မြို့နှင့် ဂါဇာစီးတီးရှိ Sabra ရပ်ကွက်တို့ရှိ လူနေအိမ်အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ရာ ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား အနည်းဆုံး ၁၉ ဦး သေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း WAFA သတင်းကဖော်ပြသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအပါအ၀င် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့်လွန်ခဲ့သော ၂၄ နာရီ အတွင်း အနည်းဆုံး လူ ၆၃ ဦး သေဆုံးပြီး ၁၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက မေလ ၁၂ ရက်က အတည်ပြုခဲ့သည်။

အရပ်သားများသည်အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ၎င်းတို့ကို ကူညီကယ်ဆယ်မှုများလုပ် ဆောင်ရန်လက်လှမ်းမမီ နိုင်သေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကတည်းက အစ္စရေးက ဂါဇာကမ်းမြောင်ကို တိုက်ခိုက်လျက် ရှိရာ သေဆုံးသူ ၃၄,၉၀၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်းလူ ၇၈,၇၅၅ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ယင်းတို့တွင် ကျန်းမာရေးဝန်ထမ်း ၄၉၃ ဦး လည်းသတ်ဖြတ်ခဲ့ရပြီး ၃၁၀ ဦးကို ဖမ်းဆီးခံခဲ့ရကာ ဒါဇင်ပေါင်း များစွာ လည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်းဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Source/WAFA

ဆက်စပ် သတင်းများ