(၄င်းသည်မြန်မာနိုင်ငံကိုလာရောက်ခဲ့ဖူးသူဖြစ်ပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ဖူးသူဖြစ်)
ဂျွန်နသန်
နိရဥ္စရာ၊ မေ၁၄/၂၀၂၄
မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ကောင်စီ အကြီးအကဲဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ဖူးသည့် ရုရှားကာကွယ်ရေးဝန်ကြီးကိုသမ္မတပူတင်က ရာထူးကနေ ဖယ်ရှားလိုက်ကြောင်းသိ၇သည်။
ရုရှားသမ္မတဗလာဒီမာပူတင်သည် ၎င်း၏ ကာလရှည်ကြာလက်တွဲခဲ့သူ Sergei Shoigu အားကာကွယ်ရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားလိုက်ကြောင်း ကရင်မလင်နန်းတော်က မေလ ၁၂ရက်ကကြေညာသည်။
ရုရှား-ယူကရိန်းစစ်ပွဲကိုအဓိက ဦးဆောင်ခဲ့သူလည်းဖြစ်ပူတင်၏ ကာလရှည်ကြာ လက်တွဲဖော်လည်းဖြစ်သည့် Sergei Shoigu အား ကာကွယ်ရေးဝန်ကြီးအဖြစ်မှဖယ်ရှားလိုက်ခြင်းဖြစ်သည်။
ပူတင်သည် နောက်ထပ်သမ္မတ ရာထူးထမေ်းဆာင်ရန်ကျမ်းသစ္စာကျိန်ဆို ခဲ့ပြီးနောက်ရက်ပိုင်းအတွင်းမှာပင် Shoigu အား ကာကွယ်ရေးဝန်ကြီးအဖြစ်မှဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ၄င်း၏နေရာတွင် စစ်ရေးအတွေ့အကြုံနည်းပါးသည့် စီးပွားရေးပညာရှင်ဒုတိယဝန်ကြီးချုပ် Andrei Belousov က အစားထိုးတာဝန်ယူမည်ဖြစ်ကြောင်း မေလ၁၂ရက်ကကြေညာခဲ့သည်။
အသက် (၆၈)နှစ်ရှိပြီဖြစ်သည့် Sergei Shoigu သည် အဆိုပါရာထူးကို ၂၀၁၂ ခုနှစ်ကတည်းကတာဝန်ယူခဲ့သူဖြစ် ပြီး ၄င်း၏နေရာကို စစ်ရေးအတွေ့အကြုံနည်းပါးသော စီးပွားရေးပညာရှင်ဒုတိယဝန်ကြီးချုပ် Andrei Belousov နေရာတွင် အစားထိုးခန့်အပ်ရန်ပူတင်ကအဆိုပြုထားသည်။
Belousov ကိုကာကွယ်ရေးဝန်ကြီးအဖြစ်အစားထိုး ခန့်အပ်မှု သည်လူအများကို များစွာအံ့အားသင့်စေသည်။
သို့သော်သမ္မတပူတင်က ရုရှား၏စီးပွားရေးကို စစ်ပွဲနှင့် ပိုမိုနီးကပ်စွာ ချိန်ညှိရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ကရင်မလင်၏ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အရပ်သားတစ်ဦးကို ခန့်အပ်ရန် အဆိုပြုခြင်းသည် ကာကွယ်ရေးဝန်ကြီး၏ အခန်းကဏ္ဍကိုတီထွင်ဆန်းသစ်မှုပြုလုပ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည်"ဆန်းသစ်တီထွင်မှု" ရှိနေရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
ရာထူးမှဖယ်ရှားခံလိုက်၇သည့်Shoiguကိုရုရှားနိုင်ငံ၏လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်သည့် ကြေညာချက်ကိုပူတင်က မေလ ၁၂ရက်တွင်လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။
သမ္မတပူတင်က ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ်Shoigu နေရာတွင် Belousov ကို ခန့်အပ်ရန် အကြံပြုကြောင်းကြေညာချက်ထွက်လာပြီနောက်တွင် Shoigu ကို ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်သည့်ကြေညာချက်ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ်အစားထိုးခန့်အပ်မည့် Belousov ကို ရုရှား အထက်လွှတ်တော် ကအတည်ပြု၇ဦးမည်ဖြစ်သည်။
Source/BBC