စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ နေရာ (၆)ခုအား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးမှ ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာ၂၇ ဦးကို ဖမ်းဆီး



ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ချန်ကလန်နှင့် မူအန်ချင်းမိုင်ခရိုင်ရှိ နေရာ () ခုအား ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စစ်ဆေးပြီး မြန်မာ၂၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း မေလ ၁၃ ရက်ကချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန(Chiangmai Immigration) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ဆေးချိန်တွင် တရားဝင်အထောက်အထားမရှိဘဲနေထိုင်နေသည့် မြန်မာရွှေ့ပြောင်းနေထိုင်သူများအားတွေ့ရှိ၍ ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

 

ထိုင်းရဲချုပ် Kittirat Panpetch  လမ်းညွှန်မှုအရ ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင် မသင့်လျော်သောအပြုအမူများ ပြုလုပ်သည့် နိုင်ငံခြားသားများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဥပဒေကိုချိုးဖောက်သည် (သို့မဟုတ်) ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများအပေါ် ရာဇ၀တ်မှုများ ကျူးလွန်ရန်ကြိုးစားသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများ၊ ထိုင်းနိုင်ငံကို ာဇ၀တ်မှုကျူးလွန်ရန် ကြိုးစားမှုများကိုစစ်ဆေးဖော်ထုတ်ခဲ့သည်"  ဟု Chiangmai Immigration ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်တွင် မြန်မာ ၂၇ ယောက်ကို ၎င်းတို့နေထိုင်သည့် နေအိမ်များမှဖမ်းဆီးရမိခဲ့ကြောင်း  ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ထားသည်။

 

 မြန်မာတွေ ချင်းမိုင်မှာ တော်တော်များလာပြီ။ သတိထားဖို့လိုပါတယ်။စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေဆောက်လုပ်ရေး၊ ဆေးသုတ် စတဲ့နေရာတွေကို ထိုင်းရဲတွေ ပစ်မှတ်ထားနိုင်တယ်။ အထောက်အထားရှိလည်း တိတ်တိတ် ဆိတ်ဆိတ်နေတာကောင်း တယ်။ ထိုင်းနိုင်ငံသားတွေတိုင်လို့မြန်မာတွေအဖမ်းခံရတာတွေလည်းလက်တွေ့ဗျ၊ အထောက်အထားလည်းလုပ်ဖို့တောင်းဆိုပါတယ်ဟု ချင်းမိုင်တွင်နေထိုင်သောအထောက်အထားလုပ်ပေးသူ အကျိုးဆောင်တစ်ဦးကပြောသည်။

 

ထိုင်းနိုင်ငံကို အခြေပြုလှုပ်ရှားနေသည့် တရားမဝင်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးနှင့် နှိမ်နင်းရေးအတွက်ထိုင်းနိုင်ငံမြောက်ပိုင် ချင်းမိုင်တွင် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ လုပ်ဆောင်နေပြီ အသက်(၁၈)နှစ်အောက်လူငယ်များအာ   နာရီ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းသိရသည်။

 

မြန်မာတွင်အာဏာသိမ်းစစ်တပ်မှ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်ချိန်ကစ၍ မြန်မာနိုင်ငံသားများသည်ထိုင်းနိုင်ငံသို့ တရားဝင်ရော၊ တရားမဝင်ပါ ဝင်ရောက်မှုများ ရှိသောကြောင့် ထိုင်းအာဏာပိုင်များဖက်ကလည်း စစ်ဆေးမှုများတင်းကျပ်လာနေကြောင်းသိရသည်။

ဓာတ်ပုံ- Chiangmai Immigration

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!