စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ယူကရိန်း သို့ရောက်ရှိလာပြီး သမ္မတဇာလန်စကီးနှင့်တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 730

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၄/ ၂၀၂၄ (နိုင်ငံတကာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် သည် ယူကရိန်းနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ယနေ့တွင် သမ္မတဇာလန်စကီးနှင့်တွေ့ဆုံခဲ့သည်။

" စစ်မြေပြင်မှာ အမှန် တကယ်ကို ခြားနားသွားစေမယ့် (အမေရိကန်ရဲ့) အကူအညီတွေဟာ အခုဆို လမ်းကြောင်းပေါ်ရောက်လို့လာပါ ပြီ" ဟု ဘလင်ကန်က ပြောကြား လိုက်ကြောင်း အယ်လ်ဂျာဇီးရား သတင်းကဖော်ပြသည်။

ဘလင်ကန် သည် မေလ ၁၄ ရက် က အံ့အားသင့်ဖွယ် သံတမန် ခရီးစဉ်တစ်ခုအဖြစ် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ယင်းသည် ယူကရိန်းအား အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုး ကူညီမှုကို ပုံဖော်ပြသလိုက်ခြင်းဖြစ်သည်။

ယူကရိန်းကို အမေရိကန် ဒေါ်လာ ၆၁ ဘီလျံ အကူအညီပေးရန် အမေရိကန်ကွန်ဂရက်စ်က အတည်ပြုခဲ့ပြီးနောက် သီတင်း သုံးပတ်အကြာတွင် ဘလင်ကန် သည် ယခုကဲ့သို့ ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာခဲ့ ဖြစ်သည်။

ထိုကာလအတွင်း ရုရှားသည် စစ်ရေး အသာစီးရယူရန် ယူကရိန်း အရှေ့မြောက်ပိုင်း ၊ခါခိဗ် ဒေသကို ကြီးမားသော ဒုံးခွင်းဒုံးများ ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီးရှေ့တန်းစစ်မျက်နှာသစ်ကို ဖွင့်လှစ်ခဲ့သည်။

အမေရိကန်၏ ထောက်ပံ့ကူညီပေးမှု ကိုချီးကျူးခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးကိုလည်း အကူအညီ ထပ်ပေးရန် ဘလင်ကန်နှင်တွေ့ဆုံစဥ် ဇာလန်စကီးက အလေးထား တောင်းဆိုခဲ့သည်။

ရုရှား၏လေကြောင်းတိုက်ခိုက်မှု မှ ကာကွယ်နိုင်ရန်အတွက် အရှေ့မြောက်ဘက် ခါခိဗ် မြို့အတွက် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများ လိုအပ်ကြောင်း ဇာလန်စကီး က ဘလင်ကန်အား တောင်းဆိုခဲ့သည်။

"အရပ်သားတွေ၊ စစ်သည်တွေ၊ အားလုံး အားလုံး ဟာ ရုရှားဒုံးကျည်တွေရဲ့ အောက်မှာ ရောက်ရှိနေရပါတယ် " ဟု ဇာလန်စကီး က ပြောကြားခဲ့သည်။

ဘလင်ကန် ၏ ခရီးစဉ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား  ကျူးကျော်စစ်စတင်ပြီးနောက် ၎င်း၏ စတုတ္ထမြောက် ခရီးစဉ်ဖြစ်သည်။

၄င်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ယူကရိန်းသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလဗန် က ဝါရှင်တန်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မှုကို အရှိန်မြှင့်ရန် ကြိုးပမ်းနေ မေလ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

" ကြန့်ကြာမှု(အကူအညီများ)တွေ က ယူကရိန်းကို တွင်းထဲကျ သွားစေပြီး အဲဒီတွင်းထဲက နေ သူတို့ကို မြန်မြန် ပြန် တက်နိုင် အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်ဟု ဆူလေဗန် က ပြောကြားခဲ့သည်။

အမြောက်များ၊ လေကြောင်းရန်ကာကွယ်ရေးကြားဖြတ်ကိရိယာများနှင့် တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်အချို့ကို ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ပေး ထားပြီးဖြစ်ကြောင်း ဘလင်ကန် နှင့်အတူ ခရီးသွားနေသည့် အမေရိကန်အရာရှိက ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်း၏ ၁၈ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားပြီး မေလ ၁၀ ရက် က ကိဗ်ရက် ဒေသကို ရုရှားကထိုးစစ်အသစ် စတင်ခဲ့ပြီးနောက် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရသည်။ Source/ Aljazeera

ဆက်စပ် သတင်းများ