တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

အစ္စရေးမှ ဂါဇာရှိ ဒုက္ခသည်စခန်းကို ဗုံးခွဲတိုက်ခိုက်၊ အနည်းဆုံး လူ ၄၀ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 716

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၆/၂၀၂၄ (နိုင်ငံတကာ)

 အစ္စရေးစစ်တပ်သည် Nusayrat ဒုက္ခသည်စခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြောင်း သိရသည်။

 

 ဂျာဘာလီယာနှင့် ရာဖာတို့တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် အစ္စရေးစစ်တပ်က မေ ၁၃ ရက် ညပိုင်းတွင်ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Nuseiratဒုက္ခသည်စခန်းကို လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့သည်။

 

 မေလ(၁၄)ရက်က ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများကြားတွင် ရှာဖွေ ကယ်ဆယ် မှုများဆက်လက် ပြုလုပ်ခဲ့ပြီး သေဆုံးသူဦးရေသည် ယခုထက် ထပ်တိုးလာဖွယ်ရှိကြောင်းသိရသည်။

 

မေလ ၁၃ ရက်ညပိုင်းက Nuseirat ဒုက္ခသည် စခန်းရှိ ကာရာဂျာ မိသားစုပိုင်အိမ်တစ်လုံးကို အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲပြီးနောက် သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်သွားခဲ့သည်။



 

Nuseirat ဒုက္ခသည် စခန်းရှိ လုံးဝပျက်ဆီးသွားခဲ့သည့် အဆောက်အအုံထဲတွင် အိုးအိမ်မဲ့ ပါလက်စတိုင်းသား ၁၀၀ ကို ခိုလှုံနေပြီး ၎င်းတို့အနက် အချို့သည်အစ္စရေး၏ ကြီးမားသော ထိုးစစ်ကြောင့် ဂါဇာတောင်ပိုင်း ရှိ ရာဖာ မှ ရွှေ့ပြောင်းလာသူများဖြစ်သည်။

 

လောင်စာပြတ်လပ်မှုနှင့် စက်ကိရိယာများချို့ယွင်း မှုကြောင့် ကနဦးတွင် ဒုက္ခသည်များထံသို့ အကူအညီများ ချက်ချင်း မရောက်နိုင်ခဲ့ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂတွင် တရားဝင်မှတ်ပုံတင်ထားသည့်၂၀၂၃ ခုနှစ်အထိ စာရင်းအရ Nuseirat ဒုက္ခသည် စခန်းတွင် ပါလက်စတိုင်းဒုက္ခသည်ပေါင်း ၈၅၄၀၉ ဦးနေထိုင်လျက်ရှိသည်။

 

ယခုအခါဒုက္ခသည်ဦးရေသည် ပိုများလာဖွယ်နေရှိသည်။ ယခုအခါ အစ္စရေးစစ်တပ်သည် ရာဖာ ကို ကြီးမားသည့် မြေပြင်ထိုးစစ် ဆင် မှု ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ လူငါးသိန်းခွဲခန့် ရှိနေ သည်။

 

Source/Middle East Eye (ပုံစာ/ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်းကို အစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့မှု ဖြစ်ပွားရာနေရာ၌ လူများစုဝေးနေသည်ကို မေလ ၁၄ ရက် ကမြင်ရစဥ် (ဓာတ်ပုံ/ပါလက်စတိုင်းသတင်းအေဂျင်စီ)

ဆက်စပ် သတင်းများ