ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၉/၂၀၂၄ (နိုင်ငံကတကာ)
အီရန်သမ္မတနှင့်နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါ လာသည့် ၇ဟတ်ယာဉ်သည်မေလ ၁၉ရက် တွင် ပျက်ကျခဲ့ကြောင်း အီရန်အရာရှိတစ်ဦးက ရိုက်တာသတင်း သို့ ပြောကြားခဲ့သည်။
အီရန်သမ္မတEbrahim Raisi နှင့် Hossein Amirabdollahian၄င်း၏ နိုင်ငံခြားရေးဝန်ကြီးတို့ လိုပ်ပါလာသည့်၇ဟတ်ယာဥ်သည်မေလ ၁၉ရက်(တနင်္ဂနွေနေ့)တွင်မြူထူထပ်သောတောင်များကို ဖြတ်ကျော်နေစဉ်အတွင်း ပျက်ကျခဲ့ကြောင်းရာသီဥတုဆိုးရွားနေ၍ ကယ်ဆယ်ရေးသမားများသည်အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် ရုန်းကန်နေ၇ ကြောင်းရိုက်တာသတင်းကဆိုသည်။
သမ္မတRaisi နှင့်နိုင်ငံခြားရေးဝန်ကြီး Amirabdollahian တို့သည် အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန် နယ်စပ်သို့ အလည်အပတ်သွားရောက်ရာမှအပြန်လမ်းတွင် ၇ဟတ်ယာဉ်ပျက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၄င်းတို့၏အသက်အန္တရာယ်များရှိနေကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
မြူများထူထပ်ခြင်းနှင့်ရာသီဥတုဆိုးရွားမှုအခြေအနေများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုအနှောင့်အယှက်ဖြစ်စေပြီး ၇ဟတ်ယာဉ်သည်ယခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အဲလ်ဂျာဇီးယား သတင်းကဖော်ပြထားသည်။
Ref: Reuters and Photo: CTV News