Preview
Preview
Preview

လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ကာ ခရီးသည်တစ်ဦးသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရခဲ့သော စင်္ကာပူခရီးသည်တင်လေယာဉ်တစ်စီး ဘန်ကောက်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရ

မေ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :840
နိုင်ငံတကာ သတင်း

နိရဉ္စရာ ၊ မေ ၂၁/၂၀၂၄

ဒီနေ့ မေ ၂၁ရက်၊ ညနေ ၃:၄၅ မိနစ်အချိန်က လန်ဒန်ကနေ စင်္ကာပူကို ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ်ကြီး တစ်စီးဟာ ရုတ်တရက် လေထုမငြိမ်မသက်ဖြစ်မှုနဲ့ ကြုံတွေ့ရပြီးနောက် လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး သေဆုံးကာ ၃၀ ဦးခန့် ဒဏ်ရာရရှိသွားလို့ အနီးဆုံး ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သိ၇တယ်။ 

ဘိုးအင်း 777-300ER လေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ဦး လိုက်ပါလာပြီး လန်ဒန် ဟိသ်သရိုးလေဆိပ်ကနေ စင်္ကာပူကို ပျံသန်းလာစဉ်မှာ ရုတ်တရက် လေထုမငြိမ်မသက်ဖြစ်မှုနဲ့ ကြုံတွေ့ရပြီး လေယာဉ်ကိုယ်ထည်အတွင်း ကျွမ်းထိုးမှောက်ခုန် ဖြစ်ကာ ထိခိုက်ဒဏ်ရာ၇ကြခြင်းဖြစ်တယ်။ 

ပျံသန်းနေတဲ့ လေယာဉ်များ လေထုမငြိမ်မသက်မှု ( Turbulence) နဲ့ ကြုံတွေ့ရလေ့ရှိပေမယ့် လူ သေဆုံးတဲ့အထိ ဖြစ်ပေါ်မှု အရင်က မရှိသလောက်ဖြစ်တယ်။ ref:CNA 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.