ဂျွန်နသန်၊ နိရဉ္စရာ၊ မေ၂၄/၂၀၂၄
အိန္ဒိယနိုင်ငံ၊မဟာရက်စ်တြာပြည်
မေလ(၂၃)ရက်၊ မွန်းလွဲ (၁ နာရီ ၁၅) မိနစ်ခန့်တွင် ဘွိုင်လာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံကို (၅) ကီလိုမီတာအကွာတွင် ပေါက်ကွဲသံကိုကြား၇သည်။
ဘွိုင်လာအစိတ်အပိုင်းများသည် (၁.၅)ကီလိုမီတာအကွာအဝေးထိ လွင့်စင်ကျလာခဲ့ပြီး စက်ရုံများ၊ ဈေးဆိုင်များနှင့် နေအိမ်ပြတင်းပေါက်မှန် များ ကွဲ အက်ကာ လူအချို့လည်းဒဏ်ရာရရှိခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားစသည့်အကြော
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် မီးလောင်လွယ်ခြင်းမဟုတ်သော်လည်း ၎င်းသည် ဆွေးမြေ့သော အခါတွင် အောက်ဆီဂျင်ပမာဏများစွာကို ထုတ်ပေးပြီး မီးလောင်ကျွမ်းမှုကို ထောက်ပံ့ပေးသည်။
၄င်းစက်ရုံနှင့် ဆက်စပ်နေသည့် စက်ရုံ ၃ ရုံဖြစ်သည့် Sapthavarna Chemicals၊ Mehta Paint နဲ့ KGN Chemicals အပြင် ကားအရောင်းပြခန်းတစ်ခုမှ မော်တော်ယာဉ် ၁၂ စီး တို့လည်း မီးလောင် ကျွမ်းခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှားရောက်ရှိလာသည့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူက အက်နက်ခ်သျှင်ဒီက "ကျွန်တော်တို့ ဒွန်ဗစ်လီ မှာရှိတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒကုမ္ပဏီတွေအားလုံးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူတွေက ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်း ရန် ၄င်းက အမိန့်ထုတ်ထားပြီး အပြစ်ရှိကြောင်း တွေ့ရှိသူများကို ပြင်းထန်စွာ အရေးယူရန် သတိပေးထားသည်။
သေဆုံးသူ ရှစ်ဦး၏ ဆွေမျိုးများကို ဝန်ကြီးချုပ် ၏ ကယ်ဆယ်ရေး ရန်ပုံငွေမှ ရူပီး ၅ သိန်း ပေးမည် ဖြစ်ပြီး ဒဏ်ရာ၇သူများကို ကုသရန် အတွက် အစိုး၇၏ ရန်ပုံငွေ မှထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း သျှင်ဒီ က ကြေညာခဲ့သည်။
Source/Times of India