ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်း Remal ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ဘင်္ဂလားဒေ့ရှ်၊ မေ ၂၆၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်း  Remal သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နေသည်ဟု The Daily Star သတင်းဖော်ပြသည်။

၎င်းမုန်တိုင်းသည် ယနေ့ (တနင်္ဂနွေနေ့)  ည ၈ နာရီမှ စတင်၍ ပေါတာဝါခါလီ (Patuakhali) ခရိုင် ခေပူပါရာ (Khepupara) ဧရိယာနှင့် အနောက်ဘက် Bengal ၏ Sagar ကျွန်းတို့ကို ဖြတ်ကျော်ကာ ဝင်ရောက် တိုက်ခိုက်နေသည်ဟု ဆိုသည်။

Met Office မှ မိုးလေဝသပညာရှင် ဒေါက်တာ Shameem Hassan Bhuiyan မှ Remal သည် ပေါတာဝါခါလီ ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်းနှက့်  မိုးနှင့် လေပြင်းများ တိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တနင်္လာနေ့ နံနက် ၁၂ နာရီမှ ၁ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး ယင်းနောက်တွင် ဆိုင်ကလုန်းမုန်တိုင်းသည် အားပျော့သွားဖွယ်ရှိသည်ဟု ဆိုသည်။

ဘင်္ဂလာဒေရှ်က ပင်လယ်ရေကြောင်း ဆိပ်ကမ်းများတွင် မုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ထားပြီး  အန္တရာယ် အဆင်ါ Great Danger Signal 10 ကို လွှင့်တင်ရန် အကြံပြုထားသည်ဟု ဆိုသည်။

လက်ရှိ မုန်တိုင်းလေတိုက်နှုန်းများကို သတင်းတွင် ဖော်ပြထားခြင်း မရှိသေးပါ။

ပင်လယ်ကမ်းနားမြေနိမ့်ပိုင်းတွင် နေထိုင်သူ လူဦးရေ သိန်းနှင့်ချီပြီး ပြောင်းရွှေ့ထားရသည်ဟု ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။

 Ref and Photo: The Daily Star  

ဆက်စပ် သတင်းများ