အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

အိန္ဒိယ ပန်းခြံတစ်ခုတွင်မီးလောင်မှုဖြစ်ပွား၊ ကလေးငယ်များအပါအဝင် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 452

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၂၇/၂၀၂၄

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ အပန်းဖြေပန်းခြံ တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာကလေးငယ်များ အပါအဝင် လူ ၂၇ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၊ Rajkot ရှိ ပန်းဥယျာဥ်တစ်ခုတွင် စနေနေ့(မေလ ၂၄ ရက်) က မီးလောင်မှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါအဝင် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြော ဆိုသည်။

ရဲမင်းကြီး Raju Bhargava က မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ရဲအရာရှိ Vinayak Patel က ယ ခုချိန်တွင် ရုပ်အလောင်းများကို ဖော်ထုတ်ရန် ခက်ခဲလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“မီးလောင်မှုမှာ လူ ၂၇ ဦး သေဆုံးတယ်ဆိုတာ အတည်ပြုထားနိုင်ပါတယ်၊သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၄ ဦး လည်းပါဝင်ပါတယ်” ဟု Patel က ထပ်လောင်းပြောကြားခဲ့သည်။

မီးလောင်ခဲ့သည့် အပန်းဖြေဥယျာဥ် သည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး အပန်းဖြေဥယျာဉ်၏ပိုင်ရှင်နှင့် မန်နေဂျာဖြစ်သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပန်းခြံသည် အများအားဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလဖြစ်သည့်အတွက်အပန်းဖြေအနားယူရန် ကလေးများ၊ မိသားစုများဖြင့် ပြည့်ကျပ်လျက်ရှိသည်။

"ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးတာနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ” ဟုPatel က ဆက်လက် ပြော ဆိုသည်။

Rajkot တွင် မီးလောင်ခဲ့မှု နှင့်ပတ်သက် ပြီးအလွန်အမင်း စိတ်ထိခိုက်​ရ ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက သူ၏ X လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။ Source/AP

ဆက်စပ် သတင်းများ