စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပါပူဝါနယူးဂီနီတွင် မြေပြိုမှု ကြောင့်သေဆုံးသူဦးရေသည် ၂၀၀၀ ကျော်ရှိကြောင်း အစိုးရကထုတ်ဖော်ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 594

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂၇/၂၀၂၄ (နိုင်ငံတကာ)

ပါပူဝါနယူးဂီနီတွင် မြေပြိုမှု ကြောင့်သေဆုံးသူဦးရေသည် ၂၀၀၀ ကျော်ရှိသည်ဟုယုံကြည်ရကြောင်း ပါပူဝါနယူးဂီနီအစိုးရအရာရှိတစ်ဦးက မေလ၂၇ရက်ကထုတ်ဖော်ပြောကြားလိုက်သည်။

မြေပြိုမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်သည် အရှင်လတ်လတ်မြေမြှုပ်ခံထားရ(သေဆုံး) သည်ဟု ယုံကြည်ရပြီး နိုင်ငံတကာ ကိုလည်း တရားဝင် အကူအညီတောင်းခံထားကြောင်း ပါပူဝါနယူးဂီနီ အစိုးရအရာရှိတစ်ဦးက မေလ၂၇ရက်ကပြောကြားလိုက်သည်။

တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့်ပါပူဝါနယူးဂီနီတွင် မေလ၂၄ရက်ကမြေပြိုခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် အနည်းဆုံး ၆၇၀ ဦး ရှိကြောင်းကုလသမဂ္ဂ၏ခန့်မှန်းတွက်ဆချက်ထက် ပါပူဝါနယူးဂီနီ အစိုးရ၏ပြောဆိုချက်သည် (၃) ဆ ကွာဟ နေသည်။ 

တောင်ပစိဖိတ်ကျွန်းနိုင်ငံ  အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစင်တာဌာနမှ ယာယီဒါရိုက်တာ Luseta Laso Mana က မြေပြိုမှုကြောင့် လူ ၂၀၀၀ ကျော်မှာ အရှင်လတ်လတ်မြေမြှုပ်ခံရခဲ့ပြီး Enga ပြည်နယ် Yambali ရွာတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါပူဝါနယူးဂီနီ တွင် မြေပြိုမှုကြောင့် သေဆုံးသူဦးရေသည် ခန့်မှန်းခြေ ၆၇၀ ထိတိုးမြင့်လာကြောင်း ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)က မေလ ၂၆ရက် ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအေဂျင်စီ၏ မစ်ရှင်အကြီးအကဲ Serhan Aktoprak က သောကြာနေ့(မေလ ၂၄ ရက်) တွင် မြေပြိုမှုကြောင့် အိမ်ခြေ ၁၅၀ ကျော်သည် မြေအောက်သို့ နစ်မြုပ်ခဲ့ရကြောင်း Yambali ကျေးရွာနှင့် Enga ပြည်နယ်အရာရှိများ၏ တွက်ချက်မှုအရ ပြန်လည်ပြင်ဆင်ထားသော သေဆုံးသူအရေအတွက် သည် ခန့်မှန်းခြေ ၆၇၀ ထိတိုးမြင့်လာကြောင်းတနင်္ဂနွေနေ့(မေလ ၂၆ရက်) တွင် ပြောကြားခဲ့သည်။

အဆိုပါသဘာဝဘေးအန္တရာယ်(မြေပြိုမှု) ဖြစ်ပွားချိန်မှစ၍ယခုအချိန်ထိ အသေအပျောက် ခန့်မှန်းမှုများမှာ လွန်စွာ ကွဲပြားလျက်ရှိသည်။

မြေပြိုမှုဖြစ်ပွားရာနေရာသို့ မြေတူးစက်များပို့ဆောင် ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူ တဦးကပြောကြားသည်။

ယခုအချိန်အထိ ရုပ်အလောင်း ခြောက်ခုသာ ဆယ်ယူနိုင်သေးကြောင်း သိရသည်။

 

Source/AP

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!