စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ရာဖာရှိ ဒုက္ခသည် တဲစခန်းတစ်ခုကို အစ္စရေးကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုသည်“၀မ်းနည်းကြေကွဲဖွယ်ရာ အမှား” ဖြစ်သည်ဟုအစ္စရေးဝန်ကြီးချုပ်ဝန်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 432

နိရဉ္စရာ၊ မေလ ၂၈/ ၂၀၂၄

ဂါဇာတောင်ပိုင်း၊ရာဖာ ရှိ ဒုက္ခသည် တဲ စခန်းတစ်ခုကို အစ္စရေးကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုသည်“၀မ်းနည်းကြေကွဲဖွယ်ရာ အမှား” ဖြစ်သည်ဟုအစ္စရေးဝန်ကြီးချုပ် ကဝန်ခံလိုက် သည်။

ဂါဇာတောင်ပိုင်း၊ရာဖာ ရှိ ဒုက္ခသည် တဲ စခန်းတစ်ခုကို အစ္စရေးကလေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပါလက်စတိုင်း စစ်ဘေးရှောင်များ ခိုလှုံနေသည့်ဒုက္ခသည် တဲ စခန်းတစ်ခုတွင် မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာ ဟု က" ၀မ်းနည်း ကြေကွဲဖွယ်ရာ အမှား” ဖြစ်သည်ဟု တနင်္လာနေ့(မေလ၂၇ ရက်) တွင် ဝန်ခံပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အစ္စရေးသည် ဟားမတ်စ်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန် ပြစ်တင်မှုများနှင့်အကြီးအကျယ် ရင်ဆိုင်နေရပြီး ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များ၊ အထူးသဖြင့် အမေရိကန်သည် အရပ်သားများ သေဆုံးရမှုအပေါ် ဒေါသတကြီးဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။


ကမ္ဘာ့ ထိပ်တန်း တရားရုံးများတွင် စိစစ်မှု ရင်ဆိုင်နေရသည့်တိုင် အစ္စရေး က Rafah ၌ ထိုးစစ်ကို ရပ်တန့်ရန် ပြီးခဲ့သည့် သီတင်းပတ်က တောင်းဆိုခဲ့သည်။

အစ္စရေးစစ်တပ်သည် ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ပြီး အကြီးတန်းစစ်သွေးကြွနှစ်ဦး သေဆုံးပြီးနောက် အရပ်သားသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အစောပိုင်းတွင် အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့(မေလ၂၆ရက်) ညက ဂါဇာတောင်ပိုင်း၊ရာဖာ ရှိ ဒုက္ခသည် တဲ စခန်းတစ်ခုကို အစ္စရေးက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ရမှုသည် စစ်ပွဲအတွင်း အသေ အပျောက် အများဆုံးဖြစ်ပုံရသည့် တိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ခဲ့သည်။

အဆိုပါတိုက်ခိုက်ခံရမှုအပါအ၀င်ယခုချိန်ထိ စစ်ပွဲအတွင်း ပါလက်စတိုင်းမှ သေဆုံးသူ ပေါင်းသည် ၃၆,၀၀၀ ကို ကျော်လွန်သွားခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ Source/Times of India

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!