စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မီဇိုရမ်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာ၊ ၇ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၂၉/၂၀၂၄

 

 မီဇိုရမ်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်လာပြီး ၇ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်းသိရသည်။

 

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင်တွင် မြေပြိုမှုကြောင့် ရုပ်အလောင်း ၄ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၂၉ ဦးအထိရှိလာ ကြောင်း ရဲအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့( မေလ၂၉ရက်)တွင် ပြောကြားခဲ့သည်။

 

အင်္ဂါနေ့ (မေလ၂၈ ရက် )က ရီမယ်(လ်) ဆိုင်ကလုန်းမုန်တိုင်းအပြီး မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ လူခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၄င်းတို့သည် အပျက်အစီးများ အောက်၌ ပိတ်မိနေကြ သည်ဟု ကယ်ဆယ်ရေးသမားများက ယူဆထားကြောင်း အဆိုပါ ရဲအရာရှိက ဆက်ပြောသည်။ 

 

 မေလ ၂၈ ရက် ညပိုင်းကရုပ်အလောင်း ၂၅ လောင်းကိုလည်းကောင်း မေလ ၂၈ ရက် ညနှောင်းပိုင်းမှ စပြီး အလောင်း ၄ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း အိုက်ဇောလ် ရဲမှူး Rahool Alwal က ပြောသည်။

 

သေဆုံးသူ ၂၉ ဦးအနက် ၂၃ ဦးသည် မီဇိုရမ်ဒေသခံများဖြစ်ပြီး ငါးဦးမှာ ဂျဟာဟန်မှဖြစ်ကာ ကျန် တစ်ဦးမှာ အာသံပြည်နယ် Silchar မြို့မှဖြစ်ကြောင်းAlwal ကပြောကြားသည်။ 

 

အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (SDRF)၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Source/ India Today and Photo: MP

ဆက်စပ် သတင်းများ