တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

အစ္စရေးနှင့် ဟားမတ်စ် ၊ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တခဲနက် အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၄ (နိုင်ငံတကာ)

အစ္စရေးနှင့် ဟားမတ်စ် တို့၏ စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တခဲနက် အတည်ပြု ချမှတ်လိုက်ကြောင်း အေပီ သတင်းဖော်ပြချက်အရသိရသည်။

ဂါဇာ တွင် ဖြစ်ပွားလျက်ရှိနေသည့်အစ္စရေးနှင့် ဟားမတ်စ်တို့၏ ရှစ်လကြာ စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တနင်္လာနေ့( ဇွန်လ၁၀ရက်) တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တစ်ခဲနက်အတည်ပြု ချမှတ်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံတွင် ရုရှားကကြားနေခဲ့ပြီး အမေရိကန်၊တရုတ် အပါအ၀င် (၁၄) နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ဆုံးဖြတ်ချက်အားအတည် ပြုခဲ့ ခြင်းဖြစ်သည်။

အမေရိကန်က ကမကထပြုသည့်  အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က ကြိုဆိုလိုက်ပြီးအစ္စရေးကလည်း လက်ခံသည်ဟု အမေရိကန်က ပြောဆိုသည်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် အနေဖြင့် လည်း အဆင့်သုံးဆင့် ပါ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လက်ခံရန် လည်း တောင်းဆိုထားသည်။

အစ္စရေးလ်နှင့် ဟာမတ်စ်တို့ အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ပါ အချက်များကို နှောင့်နှေးမှုမရှိဘဲ အပြည့်အဝအကောင်အထည်ဖော်ရန် လုံခြုံရေးကောင်စီက အတည်ပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွင် တိုက်တွန်းတောင်းဆိုထားသည်။

 

Source/AP

 

ဆက်စပ် သတင်းများ