ဂျွန်နသန်၊ နိရဉ္စရာ၊ဇွန် ၁၂/၂၀၂၄
ကူဝိတ်နိုင်ငံ၊မန်ဂဖ် မြို့ ရှိ အလုပ်သမားများနေထိုင်ရာ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာအိန္ဒိယနိုင်ငံသား အများအပြား အပါအဝင် လူ၄၉ ဦးသေဆုံး ခဲ့ပြီး၊လူပေါင်း၄၀ ကျော် ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူများကပြောကြားသည်။
ဒေသဆိုင်ရာအာဏာပိုင်များ၏ အစီရင်ခံစာများအရ အလုပ်သမားများနေထိုင်ရာ ခြောက်ထပ် အဆောက်အအုံရှိမီးဖိုဆောင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မီးလောင်မှုသည်ဇွန်လ(၁၂)ရက်၊ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီ တွင် ဖြစ်ပွားခဲ့ကြောင်းဗိုလ်ချုပ် Eid Rashed Hamad မှပြောကြားခဲ့သည်။
"အခု မီးလောင်တဲ့ အဖြစ်အပျက်ကိုဒေသစံတော်ချိန် နံနက် ၆ နာရီ မှာ အာဏာပိုင်တွေထံကို အကြောင်းကြားလာခဲ့တာပါ"ဟု ဗိုလ်ချုပ် Hamad က ပြောဆိုသည်။
အဆိုပါအဆောက်အအုံတွင် လူပေါင်း ၁၆၀ နီးပါး နေထိုင်ပြီး ကုမ္ပဏီတစ်ခုတည်းကအလုပ်သမားများ ဖြစ်ကြသည်။
လူအချို့သည်မီးလောင်မှုမှ လွတ်မြောက်ရန် အတွက် အဆောက်အအုံ၏ ပဉ္စမထပ်မှ နေပြီး အောက်သို့ခုန်ချ မှုကြောင့်သေဆုံးခဲ့၇ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။
မီးအားအောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီးမီးလောင်ရခြင်း အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိ၇သည်။
ကူဝိတ်တွင်မီးလောင်မှုဖြစ်ပွားခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ အဆိုပါ ဖြစ်ရပ်ဆိုးအတွက်အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း ၊ ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည် ကျန်းမာလာစေရန်ဝန်ကြီးချုပ် မိုဒီက Xလူမှုကွန်ရက်မှတဆင့်ဆုတောင်းပေးခဲ့သည်။
"ကူဝိတ်ရှိ အိန္ဒိယ သံရုံးကလည်းအဆိုပါမီးလောင်မှု ဖြစ်စဥ်အပေါ် အနီးကပ် စောင့်ကြည့်လျက်ရှိနေ ကြောင်း၊ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ၄င်းကထပ်လောင်းပြောကြားခဲ့သည်။
Source/Times of India/NDTV