Preview

ရုရှားက ယူကရိန်း ကို ဒုံးကျည် ၁၄ စင်း၊ ဒရုန်း ၁၇ စင်း တို့ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဒုံးကျည် ရ စင်းနှင့် ဒရုန်းအားလုံးကို ပစ်ချနိုင်ခဲ့ ကြောင်း ယူကရိန်းစစ်တပ်ကပြောဆို

ဇွန် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :1327
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၅/၂၀၂၄

ရုရှားကယူကရိန်း အနောက်ဖက်ဒေသကို ဒုံးကျည် ၁၄ စင်း၊ ဒရုန်း ၁၇ စင်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာတွင်ဒုံးကျည် ရ စင်းနှင့်ဒရုန်းအားလုံးကိုပစ်ချနိုင်ခဲ့ ကြောင်း ယူကရိန်းစစ်တပ်က ဇွန်၁၄ ရက်က ပြောကြားသည်။

ရုရှားစစ်တပ်သည်ယူကရိန်းနိုင်ငံအနောက်ဘက်ဒေသကို ညဖက်အတွင်း တိုက်ခိုက်ခဲ့ရာ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည်Kh-101/Kh-555 ခရုဇ်ဒုံးကျည်၁၀ စင်းအနက် ခုနစ်စင်းကိုပစ်ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်ဟုရိုက်တာသတင်းက ဖော်ပြသည်။

ရုရှားစစ်တပ် သည်ယူကရိန်းအနောက်ဖက်ဒေသရှိအရေးကြီးသည့်အခြေခံအဆောက်အအုံများနှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများကို အဓိက ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းယူကရိန်း လေတပ်မှပြောရေးဆိုခွင့်ရှိသူ Illia Yevlash ကပြောကြားခဲ့သည်။

ထို့အတူရုရှားသည် Zaporizhzhia ဒေသကိုပစ်မှတ်ထားပြီး Iskander-M ပဲ့ထိန်းဒုံးကျည်သုံးစင်းနှင့်Kinzhal ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့်ပစ်လွှတ်တိုက်ခဲ့ကြောင်း ယူကရိန်း လေတပ်မှပြောရေးဆိုခွင့်ရှိသူ Illia Yevlash ပြောဆိုသည်။

Zaporizhzhia ၏အုပ်ချုပ်ရေးမှူးက အဆိုပါတိုက်ခိုက်မှုကြောင့်အခြေခံအဆောက်အအုံများမီးလောင်မှုဖြစ်ပွားခဲ့သော်လည်းထိခိုက်သေဆုံးမှုမရှိကြောင်းပြောဆိုသည်။

ယခု နွေဦးရာသီတွင်ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ အရေးပါသောအခြေခံအဆောက်အအုံ အများအပြားထိခိုက် ပျက်စီးခဲ့၇သည်။ Source/Reuters and Photo by ABC

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.