ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၄
နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) ၏ လုံခြုံရေးနှင့် ပတ်သက်၍ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့်ကောလာဟလ သတင်းများကို ပြည်သူလူထုအနေဖြင့်မယုံကြည်ကြဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာန (ISPR) က တိုက်တွန်း ပြောကြားလိုက်သည်။
စိန့်မာတင်ကျွန်းနှင့် အနီးတွင် ဖြစ်ပွားနေသည့် မြန်မာပြည်တွင်းပဋိပက္ခများကြောင့် ရပ်ကွက် အချို့တွင်စိန့်မာတင်ကျွန်း၏ လုံခြုံရေးနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ဆိုရှယ်မီဒီယာ ပေါ်တွင် ပျံ့နှံ့နေကြောင်း (ISPR) ကတနင်္လာနေ့ (ဇွန်လ ၁၆ ရက်)တွင် သတင်း ထုတ်ပြန် ကြေညာခဲ့သည်။
“ဒီလို ကောလဟာလသတင်းတွေနဲ့ လူတွေ ကို မလှည့်စားဖို့ တိုက်တွန်းပါတယ်” ဟု အဆိုပါသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟုအဆိုပါထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။
ယင်းဖြစ်စဥ်များကြောင့်နတ်မြစ်နှင့် အနီးတဝိုက်ရှိ ဘင်္ဂလားဒေ့ရှ် စက်လှေများကိုပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးအဆိုပါဖြစ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်ကကန့်ကွက် ခဲ့သည်။
မြန်မာ့ရေတပ်သည်စိန့်မာတင်ကျွန်းအနီးရှိရေပိုင်နက်များမှနေ၍ ရက္ခိုင့်တပ်မတော်တည်ရှိ ရာနေရာများသို့ ပစ်မှတ်ထားတိုက်ခိုက်နေပြီး ရက္ခိုင့်တပ်မတော်ကလည်းလက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။
မြန်မာ့ရေတပ်မှစစ်သင်္ဘောအများအပြားသည် နယ်စပ်အနီးတွင်စစ်ဆင်ရေးလုပ်ဆောင် နေပြီး၎င်းတို့ရောက်ရှိနေသည့်အကြောင်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ အကြောင်းကြားထားကြောင်း ISPR မှ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်တပ် တို့သည် အဆိုပါ တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေကို စောင့်ကြည့်ရန် ပုံမှန် ကင်းလှည့်မှုများလုပ်ဆောင်လျက်ရှိကြောင်းISPR မှထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါ သတင်းတွင် ပျံ့နှံ့နေသော ကောလဟလနှင့် ပတ်သက်ပြီးတစုံတစ်ရာ ရေးသားဖော်ပြထားခြင်း မရှိပါ။
Ref: Financial Express/SPRwarns against social media rumours about Saint Martin’s Island security