စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ရုရှားသမ္မတ ပူတင် မြောက်ကိုရီးယားနှင့်ဗီယက်နမ်သို့ သွားရောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 541

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၄ 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် (၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် သွားရောက်မည်ဖြစ်သည်။

မြောက်ကိုရီးယားပြီးနောက် သမ္မတပူတင်သည် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဗီယက်နမ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ အရှေ့ဖျားဒေသ သို့ အလည်အပတ်ရောက်ရှိခဲ့စဉ်အတွင်း ရုရှားသမ္မတ ပူတင်အား မြောက်ကိုးရီးယားသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

သမ္မတပူတင်သည် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ကတည်းက မြောက်ကိုးရီးယားနိုင်ငံ၊ ပြုံယမ်းသို့ သွားရောက်လည်ပတ်ခြင်း မရှိသေးပေ။ "မြောက်ကိုရီးယားရဲ့ နိုင်ငံတော်အကြီးအကဲ ကင်ဂျုံအန်း ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဗလာဒီမာပူတင်ဟာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ဆီ ဇွန်လ ၁၈ ရက်မှ၁၉ ရက်ထိ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါ တယ်" ဟု ကရင်မလင် နန်းတော်က ပြောကြားခဲ့သည်။

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ DPRK သည် မြောက်ကိုရီးယား ၏တရားဝင်အမည်ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA ကလည်း အဆိုပါ ခရီးစဉ်နှင့်ပတ်သက်ပြီးသတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

မြောက်ကိုရီးယားပြီးနောက် သမ္မတပူတင်သည် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဗီယက်နမ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်ကဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ရုရှားသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပြန်လည်ဆန်းသစ်မှုကို လူသိရှင်ကြားထုတ်ပြန်လိုက်ရာ အမေရိကန်နှင့် ၎င်း၏ ဥရောပနှင့် အာရှရှိ မဟာမိတ်များကြား ထိတ်လန့်တုန်လှုပ်မှုဖြစ်များစေခဲ့သည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်ရာတွင် မြောက်ကိုရီးယားက ရုရှားကို လက်နက်များ ထောက်ပံ့ပေးထားကြောင်း ဝါရှင်တန်က ပြောကြားသော်လည်း ပြုံးယမ်းကမူ အဆိုပါကိစ္စရပ်အပေါ် အကြိမ်ကြိမ် ငြင်းဆိုလျက်ရှိသည်။

(ပုံ/ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ရုရှားသမ္မတ ပူတင် တို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံရှိ Vostochny Cosmodrome တွင် တွေ့ဆုံခဲ့ကြစဥ်။ Photo: REUTERS) Source/The Straight Times

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!