ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၀/ ၂၀၂၄
ရွှေ့ပြောင်းနေထိုင်သူသူများလိုက်ပါလာသည့်စက်လှေ နှစ်စီးသည် အီတလီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် ဇွန်လ ၁ရရက်ကနစ်မြုပ်ခဲ့ရာ (၁၁) ဦးသေဆုံးပြီး ၊ (၆၄)ဦး ပျောက်ဆုံး လျက်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီများကသတင်း ထုတ်ပြန်ခဲ့သည်။
ကယ်ဆယ်ရေးသမားများသည်စက်လှေတစ်စီးအတွင်းမှ ရွှေ့ပြောင်းနေထိုင်သူ အများအပြားကိုလည်းကယ်ဆယ်နိုင်ခဲ့ကြောင်း အေပီသတင်းကဖော်ပြသည်။
အီတလီကမ်းလွန်လမ်ပီဒူဆာကျွန်းကျွန်းအနီးရှိ အခြားစက်လှေတစ်စီး ၏ ကုန်းပတ်အောက်တွင်ပိတ်မိနေသည့် ရုပ်အလောင်း ၁၀ လောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျာမန် အကူအညီပေးရေး အဖွဲ့Resqship မှ ဇွန်၁ရရက်က X လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။
ကာရေဗီယံကမ်းလွန်မှကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင် နစ်မြုပ်ခဲ့သည့်စက်လှေ တစ်စင်းသည် တူရကီမှလွန်ခဲ့သည့် ရှစ်ရက်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးစက်လှေမှာ မီးလောင်ပြီး တိမ်းမှောက် ခဲ့ရခြင်းဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကုလသမဂ္ဂအေဂျင်စီများက ပြောကြားခဲ့သည်။
ပြင်သစ်သင်္ဘောတစ်စင်းထံမှအကူအညီတောင်းဆိုချက်ကိုလက်ခံရရှိပြီး နောက်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ခဲ့ခြင်းဖြစ် ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစက်လှေသည်ဂရိနှင့် အီတလီနယ်စပ်ရှိ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် နယ်နိမိတ်အတွင်း ခုတ်မောင်းနေခြင်းဖြစ်သည်။
ပင်လယ်ပြင်တွင်ပျောက်ဆုံးနေသူများ နှင့် အသက်ရှင်ကျန်ရစ်သူများ မှာ အီရန်၊ ဆီးရီးယားနှင့် အီရတ်တို့မှ ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီများက ပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများကိုကာရေဗီယံ ဆိပ်ကမ်းသို့ ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများထံ အပ်နှံ ခဲ့သည်ဟုဆိုသည်။
ကယ်ဆယ်ခဲ့သည့်ရွှေ့ပြောင်းနေထိုင်သူ(၁၁) ဦးထဲက တစ်ဦး သည် သေဆုံးသွားခဲ့ကြောင်းကမ်းခြေ စောင့်တပ်ဖွဲ့က ပြောဆိုသည်။
ဒုတိယစက်လှေတွင် (၆၁)ဦးလိုက်ပါလာပြီး (၅၁)ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းကုန်းပတ်အောက်တွင် သေဆုံးသူ ၁၀ ဦး၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်းကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက် ပြောဆိုသည်။Source/AP and Photo by Philippine News Agency