သောကြာ၊ ဇွန်လ ၂၈ရက်၊ ၂၀၂၄

ရုရှား၏ နျူကလီးယားအင်အားမှာ ဘက်စုံတိုက်ပွဲဝင် အသင့်အနေအထား အမြဲရှိနေသည်ဟု ပူတင် ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 341

အနောက် နိုင်ငံများ ခြိမ်းခြောက်မှု ထပ်တိုးလာသည်နှင့် တစ်ပြိုင်နက်တည်း ရုရှားက “အထိုက်အလျောက် သင့်လျော်မှုရှိသည့် တုံ့ပြန်မှုများ” ပြန်လည်ဆောင်ရွက်သွားမည်”ဟု ဆို 

နိရဉ္စရာ၊ ဇွန် ၂၁ ရက်/ ၂၀၂၄ (နိုင်ငံတကာ)

ရုရှား၏ မဟာဗျူဟာ နျူကလီးယားအင်အားမှာ ဘက်စုံ တိုက်ပွဲဝင် အသင့်အနေအထား အမြဲရှိနေသည်ဟု ရုရှားသမ္မတ ပူတင် က ဇွန် ၂၀ ရက် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာက သတင်းဖော်ပြသည်။

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် ရောက်ရှိနေစဉ် ရုရှားမီဒီယာများ၏ မေးမြန်းမှု အပေါ် ပူတင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံ ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာက သတင်းဖော်ပြ သည်။

NATO အနေဖြင့် နျူကလီးယား ထိပ်ဖူးများကို တိုက်ခိုက်ရေးအသင့်အနေအထား တပ်ဆင်ရန် ဆွေးနွေးနေသည့် အပေါ် မေးမြန်းရာတွင် ပူတင်က ရုရှား၏ မဟာဗျူဟာ နျူကလီးယားအင်အားမှာ ဘက်စုံ တိုက်ပွဲဝင် အသင့်အနေအထားတွင် အမြဲရှိနေကြောင်းပြောဆိုသည်။

တစ်ချိန်တည်းတွင်ပင် အနောက်နိုင်ငံများ၏ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေရာ အနောက် နိုင်ငံများ ခြိမ်းခြောက်မှု ထပ်တိုးလာသည်နှင့်တစ်ပြိုင်နက်တည်း ရုရှားက “အထိုက်အလျောက် သင့်လျော်မှုရှိသည့် တုံ့ပြန်မှုများ” ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: Xinhua

ဆက်စပ် သတင်းများ