ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၂/၂၀၂၄
တရုတ်နိုင်ငံတောင်ပိုင်း၊ကွမ်တုန်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်းအယ်ဂျာဇီးရားသတင်းကဖော်ပြသည်။
ကွမ်တုန်းပြည်နယ်ဖိန်ယွမ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ယင်းနှင့်ဆက်စပ်သည့် သဘာ၀ဘေးကြောင့် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီအထိ သေဆုံးသူ၃၈ ဦးရှိကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း တရုတ် ဆင်ဟွာ က သတင်းထုတ်ပြန်ခဲ့ပြီးနောက်သေဆုံးသူနောက်ထပ် ၉ ဦးထပ်တိုးလာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ် ၄၈စင်းတွင် ရေကြီးရေလျှံမှု သတိပေးချက်အဆင့်အထက် ကျော်လွန်သွားခဲ့ကြောင်း ယင်းဒေသ အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဇွန် ၂၀ ရက်ကပြောဆိုခဲ့သည်။
ရေကြီးရေလျှံမှုနှင့်မြေပြိုမှုကြောင့်သေဆုံးသူ အရေအတွက်သည် တိုးလာနေကြောင်းနိုင်ငံ၏ အခြားနေရာများတွင်လည်းရေကြီးမှုများ ဆက်လက်ဖြစ်ပွားလာမည်ဖြစ်ကြောင်းအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။
ကွမ်ရှီးဒေသရှိမြို့ ၁၁ မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းဒေသကိုရေကြီးရေလျှံမှုဆိုင်ရာ အဆင့်လေးဆင့်ရှိသော အရေးပေါ်အခြေအနေတုံ့ပြန်ရေးစနစ်၏ဒုတိယအမြင့်ဆုံးဖြစ်သည့် အရေးပေါ်အခြေအနေ အဆင့်နှစ်အဖြစ်ဇွန် ၁၉ ရက်မှ စတင်သတ်မှတ်ထားကြောင်း တရုတ်ဆင်ဟွာသတင်းအရ သိ၇သည်။
သဘာ၀ဘေးအန္တရာယ်ပြင်းထန်နေ မှုကြောင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ဖို့ ခက်ခဲ နေကြောင်း CCTVဖော်ပြချက်အရသိ၇သည်။
မိုးရွာသွန်းမှုကြောင့်လူပေါင်း ၅၅၀၀၀ ကျော် ထိခိုက်ခဲ့ရပြီး ထောင်နှင့်ချီသော နေအိမ်များနှင့် လမ်းများလည်းပျက်စီးခဲ့၇သည်။
ရေဘေးအန္တရာယ်ကြောင့်စီးပွားရေး ဆုံးရှုံးမှုမှာ Jiaoling ခရိုင်တွင် ယွမ် ၃.၆၅ ဘီလီယံ (ဒေါ်လာ ၅၀၃ သန်း) ခန့်ရှိပြီး Meixian ခရိုင်တွင် ယွမ် ၁.၀၆ ဘီလီယံ(ဒေါ်လာ ၁၄၆ သန်း) အထိဆုံးရှုံးမှု ရှိလာနိုင်သည်။
(ပုံ/ ဇွန်လ ၁၉ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကွမ်တုန်း ပြည်နယ်၊ Jiaoling ခရိုင်တွင်မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်တာတမံ ရေလျှံနေ စဥ် နှင့် လမ်းများပျက်စီးနေကို ဒရုန်းရိုက်ကူးမှုမှမြင်တွေ့၇စဥ် / ဓါတ်ပုံ CNS မှတဆင့်ရိုက်တာ] Source/Aljazeera and photo by Xinhua