Preview

အပူချိန်မြင့်မားမှုကြောင့် ဟာ့ဂျ်ဘုရားဖူး လာသူ ၁၃၀၀ ကျော်သေဆုံးခဲ့

ဇွန် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :644
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၄

ယခုနှစ်ဟဂျ်ဘုရားဖူးခရီးစဉ်အတွင်းအပူချိန်မြင့်မားမှုကြောင့် ဘုရားဖူးသူ (၁၃၀၀)ကျော် သေဆုံးခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များကတနင်္ဂနွေနေ့ ဇွန်လ၂၃ရက် တွင် ကြေညာခဲ့သည်။

သေဆုံးသူသည် ၁၃၀၁ ဦးရှိပြီး  ၈၃ ရာခိုင်နှုန် ၁၀၈၀ဦး  သည် အပူချိန်မြင့်မားသဖြင့် သွားလာရန်ခွင့်ပြုထားခြင်းမရှိသော နေရာများသို့ သွားရောက်ခဲ့ကြသူ များဖြစ်ကြောင်းဆော်ဒီကျန်းမာရေးဝန်ကြီး Fahd bin Abdurrahman Al-Jalajel ကပြောကြားသည်။

ဘုရားဖူး၉၅  ဦးကို ဆေးရုံများတွင်ဆေးဝါး ကုသပေးနေပြီး အချို့မှာ မြို့တော် ရီယာ့ဒ်တွင် ဆေးကုသမှု ခံယူနိုင်ရန်အတွက် လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ ကြောင်း ဝန်ကြီးက နိုင်ငံပိုင် Al Ekhbariya တီဗီသို့ပြောကြားခဲ့သည်။

သေဆုံးသူ ဘုရားဖူးအများအပြားသည်ဘုရားဖူးခရီးစဥ်အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် နှောင့်နှေးခဲ့၇ခြင်းကြောင့်၄င်းတို့တွင် သက်သေခံစာရွက်စာတမ်း အထောက်အထားများမရှိ ကြကြောင်း သေဆုံးသူများကို မက္ကာမြို့တွင် မြှုပ်နှံထားကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသူများတွင် အီဂျစ်နိုင်ငံသား၆၆၀ ကျော် ပါဝင်ခဲ့ပြီး၎င်းတို့အနက် ၃၁ ဦးမှာ ခွင့်ပြုချက် မရသည့်ဘုရားဖူးများဖြစ်ကြောင်း ကိုင်ရို ရှိ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိ၇သည်။ 

ဆော်ဒီအာရေးဗျသို့ ဘုရားဖူးခရီးစီစဥ်ပေးသည့် ခရီးသွားအေဂျင်စီ၁၆ ခု၏ လိုင်စင်များကိုလည်းအီဂျစ်အစိုးရက ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အီဂျစ်အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူဘုရားဖူးများတွင် အင်ဒိုနီးရှားမှ(၁၆၅) ဦး၊ အိန္ဒိယမှ(၉၈) ဦးနှင့် ဂျော်ဒန်၊ တူနီးရှား၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယားနှင့်မလေးရှားနိုင်ငံတို့မှ ဒါဇင်ပေါင်းများစွာ ပါဝင်ကြောင်း နှင့်အမေရိကန် နိုင်ငံသား နှစ်ဦးလည်း သေဆုံးခဲ့ရကြောင်း  အေပီ ၏ စာရင်းအရသိ၇သည်။

ဘုရားဖူးများသေဆုံးရသည့်အကြောင်းရင်းကိုမူ အေပီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဂျော်ဒန်နှင့်တူနီးရှားကဲ့သို့သော နိုင်ငံအချို့က အပူချိန်မြင့်တက်လာ မှု ကြောင့်ဖြစ်သည်။

အထူးသဖြင့်ဟာ့ဂျ်၏ ဒုတိယနေ့နှင့်တတိယနေ့များတွင် ပူပြင်းသော အပူဒဏ်ကြောင့် ဘုရားဖူး အချို့သည်မူးဝေအော့အန်ပြီးလဲကျသွားသည်ကို အေပီသတင်းထောက်များက မြင်တွေ့ခဲ့ကြသည်။ 

သမိုင်းကြောင်းအ၇နှစ်စဥ် လူပေါင်း၂ သန်းကျော်သည်ဆော်ဒီအာရေဗျသို့ ငါးရက်ကြာ ဘုရားဖူး ခရီးထွက်လေ့ရှိကြပြီး၊ ဟာ့ဂျ်တွင်လူသေဆုံးမှုများဖြစ်ပွားရခြင်းသည် အဆန်းတကြယ်ဖြစ်ရပ်မဟုတ်ကြောင်း ဘုရားဖူးခရီးစဉ်၏ သမိုင်းတွင် အသေအပျောက်များသည့်လူအုပ်ကြီးပြိုလဲမှုနှင့် ကပ်ရောဂါ များလည်း ဖြစ်ပွားခဲ့ရကြောင်းသိ၇သည်။

၂၀၁၅ခုနှစ်အတွင်း ဘုရားဖူးလာသူလူအုပ်ကြီးပြိုလဲမှုကြောင့် လူ (၂၄၀၀) ကျော် သေဆုံးခဲ့ရကာ အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း သိ၇သည်။

၁၉၉၀ပြည့်နှစ်က ဘုရားဖူး  လူအုပ်ကြီးပြိုလဲမှုကြောင့် လူပေါင်း ၁၄၂၆ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်သည်ဟာ့ဂျ်တွင်  ဒုတိယအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။

ယခုနှစ် ဟာ့ဂျ်ကာလတွင်မက္ကာမြို့နှင့် အခြားနေရာများတွင် နေ့စဉ် အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်(၁၁၇ ဒီဂရီ ဖာရင်ဟိုက်) နှင့် ၄၉ ဒီဂရီစင်တီဂရိတ် (၁၂၀ ဒီဂရီ ဖာရင်ဟိုက်)ကြားရှိနေ ကြောင်း ဆော်ဒီ အမျိုးသား မိုးလေ၀သဌာနမှ သိ၇သည်။ 

ယခုနှစ်တွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ မှ ဘုရားဖူး( ၁ ဒသမ၆)သန်းကျော်နှင့် ဆော်ဒီနိုင်ငံသားများနှင့်ဒေသခံ ၂၂၂၀၀၀ အပါအဝင်မွတ်စလင် (၁ ဒသမ၈၃) သန်းကျော်သည်ဘုရားဖူးလာရောက်ခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များ၏ ပြောကြားချက်အရသိ၇သည်။

Source/AP and photo/CBS News

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.