Preview

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်မည်

ဇွန် ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :1430
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၃၀

ရုရှားနှင့်ယူကရိန်းတို့ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် ရုရှားအား ကူညီရန်အတွက် မြောက်ကိုရီးယားက ၄င်း၏ တပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်မည်ဟုသိ၇သည်။

ပြီးခဲ့သည့်သီတင်းပတ်က သမ္မတ ဗလာဒီမာ ပူတင်သည် (၂၅) နှစ်အတွင်း ပထမဆုံးအနေဖြင့်မြောက်ကိုရီးယားနိုင်ငံသို့ တရားဝင် အလည်အပတ်သွားရောက် ခဲ့ပြီးအဆိုပါ ခရီးစဉ်အတွင်း ပူတင်နှင့် ကင်ဂျုံအွန်း တို့သည် ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို ဇွန် (၁၉)ရက်က ပြုံယမ်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါသဘောတူညီချက် အရမြောက်ကိုရီးယားသည် Donetsk ဒေသတွင် ရုရှားတပ်ဖွဲ့များကို ထောက်ပံ့ကူညီရန်အတွက် စစ်အင်ဂျင်နီယာတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်မည်ဖြစ်ပြီး လာမည့်လ အစောပိုင်းတွင်တပ်ဖွဲ့များရုရှားသို့ သွားရောက်ရန် မျှော်လင့်ထားကြောင်းKyiv Post သတင်းက ဖော်ပြထားသည်။


ပူတင်နှင့်ကင်ဂျုံအွန်းတို့သည်ပြီးခဲ့သည့်နှစ်စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ ၌ တွေ့ဆုံခဲ့ကြပြီးနောက် မြောက်ကိုရီးယားသည် ရုရှားအား အမြောက်ကျည်နှစ်သန်းနီးပါးနှင့် ပဲ့ထိန်းဒုံးကျည်များ ကိုထောက်ပံ့ကူညီပေးခဲ့ပြီးဖြစ်သည်။

ယူကရိန်းကိုတိုက်ခိုက်နေသည့်တရားမဝင်စစ်ပွဲတွင် သတ်ဖြတ်ရန်အတွက် မြောက်ကိုရီးယားက ၄င်း၏ တပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်ထားကြောင်းပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ PatRyder ကဇွန် ၂၅ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ထုတ် ဖော်ပြောကြား ခဲ့သည်။

Source/Times of India and Photo by Kypdo News

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.