သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

တူရကီမှာ ဆီရီးယား ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 281

(လူပေါင်း ၄၇၀ ကျော်ကိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား)

နိရဉ္စရာ၊ ဇူလှိုင် ၃/၂၀၂၄

တူရကီနိုင်ငံ အလယ်ပိုင်းရှိ၊ ဆီရီးယား စျေးဆိုင်များနှင့် ကားများကို ဆီးရီးယား ဆန့်ကျင်ရေး လှုပ်ရှားသည့် လူအုပ်စုက တိုက်ခိုက်ခဲ့ကြပြီးနောက် လူပေါင်း ၄၇၀ ကျော်ကိုရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

Kayseri မြို့အလယ်ပိုင်း တွင် အသက် ခုနစ်နှစ်အရွယ် ဆီးရီးယားမိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဆီးရီးယားအမျိုးသားတစ်ဦးကို တူရကီအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ အဓိကရုဏ်းများ ဆင်တိုက် ဖြစ်ပွားခဲ့ရခြင်းသည်။

တူရကီနိုင်ငံ၊ အလယ်ပိုင်းရှိ မဲလ်လစ်ဂါဇီ ဒေသတွင် ဆီးရီးယားဒုက္ခသည်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အခြားနေရာများ ထိပါကူးစက်ရောက်ရှိ သွားပြီးနောက်၊ အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြပါရန် တူရကီအစိုးရက တောင်းဆိုလိုက်သည်။

မှုခင်းဆိုင်ရာ အွန်လိုင်း သတင်းများကြောင့် ဒေါသထွက်နေကြသည့်တူရကီဒေသခံများသည် ဇွန် လ၃၀ ရက် က Kayseri တွင်ရှိသည့် ဆီးရီးယားလူမျိုးများ ပိုင် ဆိုင်သည့် ကားများကိုဖျက်ဆီးခြင်း၊ စျေး ဆိုင်များ ကို မီးတင်ရှို့ခြင်းများပြုလုပ်ခဲ့ ကြပြီး ၊ ဆီးရီးယားနိုင်ငံသားများကို တူရကီနိုင်ငံ အတွင်းကနေ နှင်ထုတ်ဖို့ တောင်းဆိုခဲ့ကြသည်။

“ပျက်စီးသွားတဲ့ အိမ်တွေ၊ လုပ်ငန်းတွေနဲ့ ကားတွေဟာဆီးရီးယားနိုင်ငံသားတွေပိုင်ဆိုင်ကြတာပါ ” ဟု တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောဆိုသည်။ အကြမ်းဖက်မှုများသည် ဆီးရီးယားနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်ထိကူးစက် ပျံ့နှံ့သွားခဲ့ပြီး ဆန္ဒပြသူများသည် ဆီးရီးယားကုန်စုံဆိုင်များကို မီးရှို့ခဲ့ကြသည်။

ဆီးရီးယားလူမျိုးများအပေါ် ရန်စပြီးအကြမ်းဖက်သည့်လုပ်ရပ်များကိုပြုလုပ်ခဲ့ကြသည့် လူပေါင်း (၄၇၄)ဦးကို ဇူလိုင်လ(၂)ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်းတူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya က X လူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။

အဆိုပါ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး အတိုက်အခံ ပါတီများသည် ဆူပူမှုဖြစ်အောင် တွန်းအားပေးခဲ့ကြသည်ဟု က တူရကီသမ္မတ Recep Tayyip Erdogan က ပြစ်တင်ပြောဆို လိုက် သည်။

“အိမ်တွေကို မီးရှို့တာ၊ ဖျက်ဆီးတာ၊ လမ်းတွေကို မီးရှို့တာတေ့ကို လက်မခံနိုင်ပါဘူး” ဟု ဇူလိုင်လ(၁)ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ၎င်းက ပြောကြားခဲ့သည်။

"လူ့အဖွဲ့အစည်းအတွင်းမှာ ကြောက်ရွံ့မှုနဲ့မုန်းတီးမှုတွေ၊ ဒုက္ခသည်တွေ ကို မုန်းတီးအောင် လှုံ့ဆော်မှုတွေ ပြုလုပ်နေကြ မယ်ဆိုရင်တာ့ ဒါဟာ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး”၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားနိုင်ငံသားများကိုတူရကီက ဒုက္ခသည်များအဖြစ် ကြိုဆိုလက်ခံခဲ့သည်။ တူရကီတွင် ဆီးရီးယားနိုင်ငံသား (၃ ဒသမ ၅) သန်းကျော် နေထိုင်လျက်ရှိရာ ဒေသတွင်းနိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်သည်။

ဆီးရီးယားနိုင်ငံသားအများစုသည် “ယာယီကာကွယ်ရေး” အခြေအနေအောက်တွင် နေထိုင်ကြပြီး နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံသား အများအပြားသည် တူရကီနိုင်ငံသားများ ဖြစ်လာကြသည်။

သို့သော် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ စီးပွားရေးပိုမိုကြပ်တည်းလာခြင်းတို့ ကြောင့် တူရကီ နိုင်ငံတွင် အထူးသဖြင့် ဆီးရီးယား ဒုက္ခသည်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပိုမို မြင့်တက်လာခဲ့သည်ဟု သိရသည်။ Source/Aljazeera

ဆက်စပ် သတင်းများ