တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 399

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလှိုင် ၄/၂၀၂၄

အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှု ကြောင့် ဟစ်ဇ်ဘိုလာ၏ အကြီးတန်း တပ်မှူး Abu Nimah သေဆုံးသွားခဲ့ကြောင်း The Times of Israel ကသတင်းဖော်ပြသည်။

ဇူလိုင်လ(၃)ရက်က လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာ၏ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ အကြီးတန်းတပ်မှူး Abu Nimah (ခေါ် ) Muhammad Nimah Nasser သေဆုံးသွားခဲ့သည်။

အကြီးတန်းတပ်မှူး Nasser သေဆုံးခဲ့ရမှုသည် အစ္စရေး နှင့် လက်ဘနွန် နယ်စပ်တလျှောက်တွင် ဖြစ်ပွားနေသည့် ကိုးလကြာတိုက်ပွဲများအတွင်းဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းအရာရှိများ ထဲမှ ပထမဆုံး သေဆုံးသူဖြစ်လာခဲ့သည်။

ယင်းဖြစ်စဥ်ကိုလက်တုန့်ပြန်သည့် အနေဖြင့် အကြမ်းဖက်အဖွဲ့သည် ဇူလိုင်လ(၃)ရက် မွန်းလွဲပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည်အစင်း (၁၀၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်ဘနွန်နိုင်ငံ တောင်ပိုင်း၊ ကမ်းရိုးတန်းမြို့တစ်ခုဖြစ်သည့် တိုင်ရာ မြို့တွင် တိုက်ခိုက်မှုတစ်ခုအတွင်း Nasser သေဆုံးသွားခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က အတည်ပြုပြောဆိုခဲ့သည်။ 

လက်ဘနွန်နိုင်ငံပိုင် အမျိုးသားသတင်းအေဂျင်စီက နယ်စပ်မှ (၂၀) ကီလိုမီတာ (၁၂ မိုင်) အကွာရှိ တိုင်ရာ မြို့တွင် ရန်သူ(အစ္စရေး) ၏ဒရုန်းတစ်စီးက ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အလားတူ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည်း တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက AFP သို့ အတည်ပြုပြောကြားခဲ့သည်။

သေဆုံးခဲ့သူ Nasser သည် ယခင်က ဟစ်ဇ်ဘိုလာ အထူးတပ်ဖွဲ့များကို အမိန့်ပေးခဲ့သူဖြစ်ပြီး ၊၂၀၀၆ ခုနှစ်က အစ္စရေး စစ်သား Ehud Goldwasser နှင့် Eldad Regev တို့ကို နယ်စပ်ဖြတ်ကျော်က ပြန်ပေးဆွဲမှု များ အပါအဝင် အစ္စရေးနိုင်ငံအား တိုက်ခိုက်များ ပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ် သည်။

Nassar သတ်ဖြတ်ခံရမှုကြောင့် ဟစ်ဇ်ဘိုလာ က လက်တုန့် ပြန်လာမည်ဖြစ်ကြောင်းအစ္စရေးတို့ က မျှော်လင့်ထားသည်ဟုဆိုသည်။

အစ္စရေးက လက်ဘနွန်အား လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာ တွင် လက်ဘနွန်မှ Kiryat ShmonaGalilee Panhandle နေရာများနှင့် မြောက်ပိုင်းရှိ ဂိုလန်ကုန်းပြင်မြင့် တို့မှနေပြီး ဒုံးကျည် အစင်း ၁၀၀ ထက်မနည်း အစ္စရေးကိုပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်အများစုသည် လူသူမရှိသည့်နေရာများကိုသာ ထိမှန်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိကြောင်း  အစ္စရေး စစ်တပ်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည် လ က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတခုအတွင်   စ်ဇ်ဘိုလာအဖွဲ့၏ Nasr ဒေသဆိုင်ရာ တပ်ခွဲ၏ တပ်မှူးတဦးဖြစ်သူ Taleb Abdallah သေဆုံးခဲ့သည်။

ထို့အတူ ဟက်ဇ်ဘိုလာအဖွဲ့၊ (Elite Radwan Unit ) ၏ လက်ထောက်ခေါင်းဆောင် Wissam al-Tawil သည်လည်း ဇန်နဝါရီလအတွင်းက အစ္စရေးတို့၏ သတ်ဖြတ်မှုကိုခံခဲ့ရသည်။

(ပုံ/ဟစ်ဘိုလာတပ်မှူး Muhammad Nasser (ညာ) နှင့် Taleb Abdullah တို့ကိုတွေ့ရစဥ်)

 Source/The Times of Israel

ဆက်စပ် သတင်းများ