နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၄
တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Qiang ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ (Sheikh Hasina) သည်ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ (၃) ရက်ကြာ တရုတ်နိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်း ထုတ်ပြန်သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် ဘက်မလိုက် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများဖြင့် ကောင်းမွန်သော မိတ်ဖက်အဖြစ် ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ လာမည့် ကြာသပတေးနေ့တွင် လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ HubeiMedia Group မှသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို တုံ့ပြန်သည့်အနေဖြင့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံအကြားရှည်လျားသော သံတမန်ဆက်ဆံရေးကို အလေးပေးဖော်ပြခဲ့ပြီး လေးစားမှု၊တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခဲ့သည်ဟု ဆိုသည်။
“ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ နမူနာကောင်းတစ်ခုကို ချမှတ်ထားပါတယ်”ဟုသူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့၄၉ နှစ်ကတည်းက သံတမန်ဆက်ဆံရေးကို ထူထောင်ပြီးကတည်းက နှစ်နိုင်ငံစလုံးဟာ အဓိကကျတဲ့ကိစ္စရပ်တွေမှာ အချင်းချင်း ပံ့ပိုးကူညီခဲ့ကြပြီး ခေတ်မီတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်”ဟုသူမက ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း၎င်းတို့၏ခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်တို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကိုနက်ရှိုင်းစွာ တိုးမြှင့်ခဲ့ကြပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများရရှိခဲ့ကြသည်ဟု ဆိုသည်။
ဝန်ကြီးချုပ်ရှိတ်ဟာဆီးနာ၏ လာမည့်ခရီးစဉ်သည်ယင်းကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုခဲ့သည်။
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစွာ မြှင့်တင်နိုင်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို တိုးတက်မြင့်မားလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရန်တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန်အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစပြုမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစပြုမှုတို့၊ နှစ်နိုင်ငံ ဆက်ဆံရေးကိုအဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် “နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Li Qiang ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဟာ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်အထိတရုတ်နိုင်ငံကို တရားဝင် လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည်ဝန်ကြီးချုပ် Sheikh Hasina ၏ လက်ရှိ သက်တမ်းသစ်စတင်ချိန်မှစ၍တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ပြီး ၎င်း၏နောက်ဆုံးခရီးစဉ်အပြီးငါးနှစ်အကြာတွင် ရောက်ရှိလာခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jinping နှင့် ဝန်ကြီးချုပ် LiQiang တို့နှင့်တွေ့ဆုံမည်ဖြစ်ပြီး ကြိုဆိုပွဲ အခမ်းအနား ကျင်းပပြီး တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်ကြပြီး ရိုးရာချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန် နည်းလမ်းများကိုဆွေးနွေးကြမည်ဖြစ်ပြီးအပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ဒေသတွင်းနှင့်နိုင်ငံတကာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်းသိ၇သည်။
ထို့အပြင်ဝန်ကြီးချုပ် Sheikh Hasina သည် တရုတ်-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးပေးမည်ဖြစ်သည်။ (REF: Dhaka Tribune)